ကူမင်းပန်းနတ်သမီးပန်းပွင့်ပင်လယ် မင်းကို ကြိုဆို

2019-11-15 17:40 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ယဉ်ထူး) ဆောင်ဦးပေါက်အခါသမယတွင် ကူမင်းမြို့မြို့ခံတို့သည် ပန်းပွင့်ပင်လယ်တစ်ခုကိုလည်း တွေ့နိုင်ပါသည်။ ကူမင်းမြို့ ဆွန်မြင်းခရိုင် ရှောင်ကျေးကျေးရွာအုပ်စုရှိ ယူနန်ပန်းပွင့်လုပ်ငန်းဇုန်၏ အဓိက၀င်ပေါက်အပတွင် clomeပန်း အပင်(၇)သန်းကျော် ပွင့်ကြရာ ပျားများနှင့် လိပ်ပြားများသည် ပန်းပွင့်အကြားတွင် ပျံသန်းပါသည်။ ကြည်နူးစရာ ကောင်းပါသည်။ ဖြတ်သန်းသွားသောမြို့ခံများသည် တွေ့ရှိရာ ပန်းပွင့်ပင်လယ်သို့ လည်ပတ်ကြည့်ရှုကြပါသည်။ ပန်းပွင့်များကို နိုဝင်ဘာလလပြည့်ရက်နေ့အထိ စောင့်ကြည့်နိုင်ပါသည်။

花2

ကူမင်းပန်းနတ်သမီးကုမဏီသည် တရုတ်ပြည်သူ့သမတနိုင်ငံ တည်ထောင် ၇၀နှစ်ပတ်လည်ကို အထိမ်းအမှတ်ပြုရန် ပန်းပွင့်ပင်လယ်ကို စိုက်ပျိုးပါသည်။   ပန်းပွင့်ပင်လယ်၏ဧရိယာသည် စတုရန်မီတာ(၃၅၀၀၀) ရှိပါသည်။ ပန်းပွင့်ပင်လယ်သည် မြို့ခံတို့အတွက် အခမဲ့ ဖွင့်ပါသည်။

花3

ပန်းပွင့်ပင်လယ်ရောက်ပြီ၊ အဖြူရောင်၊ ပန်းရောင၊် အနီရောင်၊ ခရမ်းရောင် စသော အရောင်များရှိ ပန်းများကို ဖွဲ့စည်းသောရောင်စုံပန်းဇုန်သည် လှပသော ကော်ဇော လိုမြေပေါ်တွင် ခင်းထားပါသည်။ နိုဝင်ဘာလ၀င်ရောက် သော်လည်း clomeပန်း၏ အကောင်းဆုံး စောင့်ကြည့်ကာလ ဖြစ်ပါသေးသည်။ ကားမောင်းဖြင့် ဖြတ်သန်းသွားသောမြို့ခံများသည် တွေ့ရှိရာ ကားရပ်ပြီး ပန်းပွင့်ပင်လယ်သို့ လည်ပတ်ကြည့်ရှု သွားကြပါသည်။

花7

ကူမင်းမြို့မြို့လယ်လာသော မစတာရောင်က“ အဲဒါဟာ ကျွန်မတွေ့ခဲ့တဲ့ အကြီးဆုံး clomeပန်းပွင့်ပင်လယ် ဖြစ်ပါသည်။ ဒီclomeပန်းတွေက တချို့က ခါနှင့် အမြင့်တူ၊ တချို့က နှင့်အမြင့်တူပါသည်။ ပန်းတွေ အရောင်စုံတယ်၊ လည်ပတ်ကြည့်ရှုရင်လည်း အခမဲ့တယ်။ ဆောင်ဦးရာသီမှာ ဒီလိုပန်းပွင့်ပင်လယ်တွေ့တာ အံ့သြစရာ ကောင်းပါတယ်။ အဲဒီပန်းတွေဟာ အရမ်းလှတယ်၊ ရှုမငြီးအောင် ဖြစ်ပါတယ်။ ကျွန်မ မပြန်ချင်ဘူး။”ဟု ပြောသည်။

花8

clomeပန်းပန်းပွင့်ပင်လယ်အပြင် ယူနန်ပန်းပွင့်လုပ်ငန်းဇုန်ထဲတွင် တည်ရှိသောပန်းနတ်သမီးကုမဏီ လင်ရှပန်းခြံသည်လည်း ပြည်တွင်းပြည်ပပန်းအမျီုးအစား ထောင်နှင့်ချီ ရှိပါသည်။ ပန်းများသည် ပြိုင်ဆိုင်စွာ ပွင့်ကြသောကြောင့် ရှုခင်းသာယာလှပါသည်။ ပန်းနတ်သမီးကုမ္ပဏီ လင်ရှပန်းခြံသည်လည်း မြို့ခံတို့အတွက် အခမဲ့ ဖွင့်ပါသည်။

 



အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်