ယိုလွန်ဆီးနှင်းတောင် နှင်းကျပြီး ခရီးသည်များ ဆီးနှင်းကို ရှုစား

2019-10-31 14:01 ရောင်စုံတိမ်တံတား

245016_670x670

(ရောင်စုံတိမ်တံတား၊ လဲ့ယဉ်ထူး) လိကျန်းမြို့ခံတို့သည် အောက်တိုဘာလ ၂၂ရက်နေ့ နံနက်ပိုင်း အိပ်ရာထပြီး အေးချမ်းမှု ခံစားကြပါသည်။ ယိုလွန်ဆီးနှင်းတောင်တွင် နှင်းကျခဲ့ပါသည်။

245030_670x670

၂၂ရက်နေ့ မိုးလင်းခါးနီး ၃နာရီတွင် ယိုလွန်ဆီးနှင်းတောင် နှင်းကျ စတင်ပြီး နံနက်ပိုင်း ၁၀နာရီအထိ နှင်းကို ဆက်လက်စွာ ကျသည်ဟု ယိုလွန်ဆီးနှင်းတောင်မှ ဝန်ထမ်းသည် မိတ်ဆက်ပါသည်။

245031_670x670

တစ်ညပိုင်းနှင်းကျခြင်းအားဖြင့် ယိုလွန်ဆီးနှင်းတောင်သည် နတ်ပြည်လို သာယာလှပါသည်။ ခရီးသည်များသည် လည်ပတ်ကြည့်ရှု လာပါသည်။ သူတို့ ဓါတ်ပုံရိုက်ပြီး နေရာဝေး မီးစားစု နှင့် မိတ်ဆွေတို့အား ရှုခင်းကို ဝေမျှခံစားပါသည်။

245032_670x670

လစ်ကျန်းမြို့ ရောက်သည့် ခရီးသည်တို့သည် ယိုလွန်းဆီးနှင်းတောင် မသွားမဖြစ်ကြောင်း ဖြစ်ပြီး ယိုလွန်ဆီးနှင်းတောင် လည်ပတ်သော အများစုခရီးသည်တို့သည်  ရေခဲမြစ်ဥယျာဉ်ကြိုးဆွဲယာဉ်ဖြင့် ဥယျာဉ်အတွင်းမှ အနှစ် တစ်သောင်းကျော်ရှိသော ရေခဲ အရည်မပျော်သည့် ရေခဲတောင်ကို ရှုစားပါသည်။ ကြိုးဆွဲယာဉ် လုံခြုံစွာ သွားလာရေး၊ ခရီးသည်တို့ လုံခြုံရေး၊ ခရီးသည်တို့ ရေခဲဥယျာဉ်တွင် ခံစားချက် ပိုမိုကောင်းမွန်နိုင်ရန်အတွက် ယိုလွန်းဆီးနှင်းတောင် ရှုခင်းသာရပ်ကွက်သည် ၂၀၁၈ခုနှစ် မေလ ၂၂ရက်နေ့ကတည်းက ခရီးသည် အရေအတွက်ကို ကန့်သတ်ခဲ့ပါသည်။ တစ်နေ့လျှင် ခရီးသည် အယောက်(၁)သောင်းသည် ဥယျာဉ်တွင် ၀င်နိုင်ပါသည်။ ၂၂ရက်နေ့ နံနက်ပိုင်း ၉နာရီခွဲတွင် ဥယျာဉ်အ၀င် လက်မှတ်ကို ရောင်းပြီးကုန်သွားပြီ ဖြစ်ပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်