ပြင်းဦးလွင်မြို့၌ ပထမအကြိမ် ထောပတ်သီးစားပွဲတော် ကျင်းပမည်

2019-10-19 22:30 The Mirror

န္တလေးတိုင်းဒေသကြီး ပြင်းဦးလွင်မြို့၌ ပထမအကြိမ်အဖြစ် ထောပတ်သီးစားပွဲတော်ကို ဒီဇင်ဘာ ၂၇ရက်နေ့မှ ၂၉ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း အတွင်းရေးမှုး ဦးမျိုးညွှန့်က ပြောသည်။

အဆိုပါ ထောပတ်သီးစားပွဲတော်တွင် မြန်မာနိုင်ငံအတွင်းရှိ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများက စားသောက်ကုန်၊ လူသုံးကုန် နှင့် အလှကုန်ပစ္စည်းများကို ပါဝင်ပြသမည် ဖြစ်သည်။

"ပြည်တွင်းမှာ ထောပတ်သီး စားသုံးမှုတွေ မြင့်တက်လာစေဖို့ အပြင် ထောပတ်သီးကနေ အခြားကုန်ပစ္စည်းတွေ အများကြီးထုပ်လုပ်လို့ ရတာကို သိရှိအောင် ရည်ရွယ်ပြီး ကျင်းပတာ ဖြစ်ပါတယ်။ ဒီပြပွဲမှာ အရည်အသွေး ပြည့်မီတဲ့ ထေားပတ်သီးကို ဘယ်လိုမျိုး ဝယ်ယူစားသုံး ရမလဲ။ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲ။ နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးမှုတွေ နဲ့ နိုင်ငံခြားဈေးကွက် အခြေအနေကို ရှင်းလင်းဟေယပြောမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်" ဟုက ပြောသည်။


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်