“အာဆီယံ ထူထောင်ခြင်း အထိမ်းအမှတ်နေ့” ဂုဏ်ပြုခြင်း လှုပ်ရှားမှုကို ကူမင်းမြို့၌ ကျင်းပခဲ့
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) သြဂုတ်လ ၈ရက်၊ အာဆီယံသီချင်း “အာဆီယံ၏လမ်း”၏ စည်းချက်ဝါးချယ် ထွက်ခြင်း နှင့်အမျှ “အာဆီယံ ထူထောင်ခြင်း အထိမ်းအမှတ်နေ့” ဂုဏ်ပြုခြင်း လှုပ်ရှားမှုကို ကူမင်းမြို့၌ ကျင်းပခဲ့ပါသည်။ ၄င်းသည် “အာဆီယံ ထူထောင်ခြင်း အထိမ်းအမှတ်နေ့” ဂုဏ်ပြုခြင်း လှုပ်ရှားမှုကို ကူမင်းမြို့၌ ပထမအကြိမ် ကျင်းပခြင်း ဖြစ်ပါသည်။
အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်း (၅)နိုင်ငံသည် အာဆီယံကို ၁၉၆၇ခုနှစ် သြဂုတ်လ ၈ရက်တွင် ဗန်ကောက်မြို့၌ ထူထောင်ခဲ့ပါသည်။ (၅၂)နှစ်ကြာသော ဖြစ်စဉ် ဖြတ်ကျော်ပြီးနောက် အာဆီယံသည် နိုင်ငံ(၁၀)နိုင်ငံ ဖွဲ့စည်း၍ လူဦးရေ (၆၀၀)သန်း၊ GDP ဒေါ်လာ(၂၄၀၀)ဘီလျံ (တရုတ်ယွမ်ငွေ ၁၄၉၀၀ ဘီလျံ) ရှိသည့် အကျိုးတူအဖွဲ့ ဖြစ်လာပါသည်။
၂၀၀၃ခုနှစ် တရုတ်နိုင်ငံသည် အာဆီယံနှင့် မဟာဗျူဟာ အပေါင်းအဖော် ဆက်ဆံရေးကို အဆက်အသွယ်ပြု ခဲ့ပါသည်။ ယူနန်သည် တရုတ်နိုင်ငံတွင်း လာအို၊ မြန်မာ၊ ဗီယက်နမ် ဖြစ်သော အာဆီယံနိုင်ငံ (၃)နိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်သည့် တစ်ခုတည်းသော ပြည်နယ် ဖြစ်၍ “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု” အဆိုပြုချက်၏ အရေးကြီးသော အစိတ်အပိုင်း၊ လန်ခြာမြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်သည့် အဓီက အစိတ်အပိုင်းနှင့် ရှေ့တန်းပြည်နယ်လည်း ဖြစ်ပါသည် ဟုထိုနေ့တွင် လှုပ်ရှားမှု ပါဝင်သည့် နိုင်ငံအသီးသီးမှ ဧည့်သည်တော်များသည် ယူဆခဲ့ပါသည်။ အာဆီယံ၏ အပြန်အလှန် ဖလှယ်ခြင်းသည် “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု” အဆိုပြုချက်၊ လန်ခြာမြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်ရေး၊ GMS ပူးပေါင်းဆောင်ရွက်ရေးနှင့် ရောနှောပေါင်းစပ်၍ ယူနန်ပြည်နယ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို အပြည့်အဝ အတူစံစား၍ နှစ်ဦးနှစ်ဘက်၏ အပေါင်းအဖော် ဆက်ဆံရေးကို တိုးမြှင့်စေနိုင်မည်။
“东盟日”庆祝活动在昆举行
8月8日,在东盟盟歌《东盟之路》的音乐声中,“东盟日”庆祝活动在昆明启幕。这是在昆明首次举办“东盟日”庆祝活动。
“东盟日”是东南亚国家联盟成立的纪念日。1967年8月8日,印度尼西亚、马来西亚、菲律宾、新加坡和泰国5个国家在曼谷建立了东盟。经过52年的历程,东盟成长为由10个国家组成、拥有6亿人口与2.4万亿美元GDP总值(约合人民币14.9万亿元)的共同体。
2003年,中国与东盟建立战略伙伴关系。当天,参加活动的各国嘉宾认为,云南是中国唯一与老挝、缅甸、越南3个东盟国家接壤的省份,也是“一带一路”倡议的重要节点、澜湄合作的主体和前沿省份。东盟的互联互通可以融入“一带一路”倡议、澜湄合作以及大湄公河次区域合作,并充分与云南共享发展成果,增进彼此之间的伙伴关系。