ထိန်ချုံး သာယာလှပသော ကျေးရွာ ပန်းတော မာရသွန်အပြေးပြိုင်ပွဲကို ကျင်းပခဲ့

2019-07-30 11:26 ရောင်စုံတိမ်တံတား

184085

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ၂၀၁၉ခုနှစ် ထိန်ချုံး သာယာလှသော ကျေးရွာ ပန်းတော မာရသွန်အပြေးပြိုင်ပွဲကို ဇူလိုင်လ ၂၈ရက်နေ့တွင် ထိန်ချုံး ကျက်ထုတ်၌ ကျင်းပ၍ တစ်နိုင်ငံလုံး နေရာအသီးသီးမှ မာရသွန် စိတ်ဝင်စားသူ အယောက် (၃၀၀၀)ကျော်သည် "ကမ္ဘာပထမဦးဆုံး၊ တစ်နိုင်ငံလုံး ပထမအကြိမ် ဖန်တီးခြင်း၊ ယူနန် အလှဆုံး" ဖြစ်သော ပန်းတော မာရသွန်အပြေးပြိုင်ပွဲ၏ သီးခြားပြေးလမ်းတွင် အားရပါးရ ပြေးဆွဲခဲ့ပါသည်။

ဤပြေးလမ်းသည် ရောင်စုံ ကတ္တရာလမ်း ဖြစ်၍ စုစုပေါင်း (၄၂.၁၉၅)ကီလိုမီတာ ရှည်ပြီး (၆)မီတာ ကျယ်ဝန်းပါသည်။ ပြေးလမ်းသည် ကျက်ထုတ်ကျေးရွာ၏ သာယာလှပသော ရှုခင်းနှင့် လူမှုရေး ဓလေ့ထုံးစံကို ဆက်သွယ်ပြီး ပြိုင်ပွဲထဲသို့ ထည့်သွင်း၍ တစ်လျှောက်တွင် ပန်းများ အမို(၁)သောင်း၊ မြစ်ကြောင်းနှင့် ရှေးဟောင်းတံတား၊ ရှေးဟောင်းကျေးရွာ၏ စားဖိုဆောင်မှ မီးခိုး၊ တံတားနှင့် ရေစီးကြောင်း၊ ပြည်သူ့ ရိုးရာဓလေ့ထုံးစံ စသည်တို့ကို ရှိ၍ ပြေးလမ်း တစ်ခုလုံး၏ သဘာဝရှုခင်း သာယာလှပပြီး သမိုင်းဝင် ရှေးဟောင်း အကြွေင်းအကျန် ပေါများကြွယ်ဝပါသည်။

ပြင်းထန်စွာ အားပြိုင်ခြင်းအားဖြင့် ဆောင့်လုကျယ်သည် အမျိုးသား ထက်ဝက်မာရသွန် အပြေးပြိုင်ပွဲ၏ ချန်ပီယံ ရရှိ၍ ဇွန်းဟွန့်တိသည် အမျိုးသမီး ထက်ဝက်မာရသွန် အပြေးပြိုင်ပွဲ၏ ချန်ပီယံ ရရှိ၍ ချူရှုံမှလာသော မာလျန့်ဝူသည် အမျိုးသား မာရသွန် အပြေးပြိုင်ပွဲ၏ ချန်ပီယံ ရရှိ၍ ရန်တင့်ဇွန်သည် အမျိုးသမီး မာရသွန် အပြေးပြိုင်ပွဲ၏ ချန်ပီယံ ရရှိခဲ့ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်