ပန်းထိုးခြင်းမိန်းမသည် ပန်းထိုးခြင်း၏ အချတ်အညှိ့ကို ပြသပြီး မနှစ်က ချူရှုံ ယီလူမျိုး ပန်းထိုးထည်၏ တန်ဖိုး အယွမ်(၁၅၀)သန်း ရရှိခဲ့

2019-07-29 11:48 ရောင်စုံတိမ်တံတား

183859

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ၂၀၁၉ခုနှစ် မီးတုတ်ပွဲတော်နေ့၏ အစိတ်အပိုင်း တစ်ခုအဖြစ် (၂)ရက်ကြာသော "လက်ချောင်းပေါ်မှ သတိရချက်" ယီလူမျိုး ပန်းထိုးခြင်း ပြပွဲကို ဇူလိုင်လ ၂၅ရက်နေ့တွင် ယူလူမျိုးရှေးဟောင်းမြို့နယ်- ချမ်ဟွားရှီး၌ ကျင်းပခဲ့ပါသည်။

လှုပ်ရှားမှု ကျင်းပနေ့တွင် ချူရှုံပြည်နယ်ခွဲ ခရိုင်နှင့်မြို့ (၁၀)ခုမှ ပန်းထိုးခြင်းမိန်းမ အယောက်(၇၀)သည် လှပသော ယီလူမျိုးအဝတ်အစုံ ဝတ်ပြီး ပန်းထိုးနည်း၊ ပန်းထိုးအတတ်ပညာ၊ ချုပ်စပ်အတတ်ပညာ၊ ဒီဇိုင်းပုံဖန်တီးခြင်း၊ အရောင်ဖက်စပ်ခြင်း စသည့် ယီလူမျိုး ပန်းထိုး လက်မှုအနုပညာများကို လက်တွေ့ပြသ၍ အပ်တစ်လုံးနှင့် ခြည်မျှင်တစ်ချောင်းဖြင့် သရုပ်ပေါ်ပြီး အသက်ဝင်လှုပ်ရှားသည့် ပန်း၊ ပိုး၊ ငှက်၊ တိရစ္ဆာန် များသည် ပေါ်ထွက်လာစေသည်။

"ယီလူမျိုး ပန်းထိုးယဉ်ကျေးမှုက လူတို့ အံသြစေပြီး အဝတ်အစုံနှင့် လက်ဝတ်တန်ဆာ ကလဲ ထူးခြားလှပါတယ်။ ကျွန်နော်တို့က အဲဒီ ပစ္စည်းကောင်းများကို တစ်ကမ္ဘာလုံးမှာ ဖြန့်ချီပြီး ပိုများတဲ့ လူတို့က ယီလူမျိုး ပန်းထိုးခြင်းရဲ့ အချိတ်အညှိ့ကို နားလည် စေပါတယ်"ဟု ခရီးသည် လင်ဖန်သည် ပြောဆိုခဲ့ပါသည်။

ဤနှစ်သည် ယီလူမျိုး ပန်းထိုးခြင်း ပြပွဲကို ကျင်းပသည့် ဆဌမနှစ်ဖြစ်၍ ယခင်နှစ်များမှ အဆိုအက ပြသမှု၊ ယီလူမျိုး ပန်းထိုးအတတ်ပညာ ပြသမှုကိုလည်း ဆက်လက်ကျင်းပ၍ ခရီးသည်များသည် ပန်းထိုးခြင်းမိန်းမတို့၏ ပန်းထိုးအနုပညာကို လက်တွေ့ကြည့်ရှုပြီး ယီလူမျိုး ပန်းထိုးထည် ပြုလုပ်သည့် ဖြစ်စဉ်တစ်ခုလုံးကို ပါဝင်နိုင် သည့်အပြင် ပန်းထိုးခြင်းမိန်းမနှင့် နီးနီးကပ်ကပ် ဖလှယ်ပြီး ကိုယ့်ကိုကိုယ် ပန်းထိုးပြီး ချူရှုံ ယီလူမျိုး ပန်းထိုးခြင်း၏ ယဉ်ကျေးမှု အချတ်အညှိ့ကို ခံစားနိုင်ပါသည်။

ယီလူမျိုး ပန်းထိုးနည်းပညာသည် ချူရှုံလူ၏ ဂုဏ်ယူဖွယ်ရာရှိသည့် လက်မှုနည်းပညာ ဖြစ်၍ ယီလူမျိုး ရိုးရာယဉ်ကျေးမှုထဲမှ အရေးပါသော အကြောင်းအရာ ဖြစ်ရုံသာမက ယီလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးသမိုင်း၏ ပုံသဏ္ဍာန်အငယ်စားနှင့် ရရှိခက်ခဲသော တိုင်းရင်းသား ယဉ်ကျေးမှု အမွေအနှစ် တစ်မျိုးလည်း ဖြစ်ပါသည်။ မနှစ်က ချူရှုံ ယီလူမျိုး ပန်းထိုးထည်၏ တန်ဖိုးသည် အယွမ်(၁၅၀)သန်း ကျော်လွန်၍ ပန်းထိုးခြင်းမိန်းမ၏ ပျမ်းမျှဝင်ငွေသည် အယွမ် (၂)သောင်း ရှိရောက်၍ အတတ်ပညာ ပိုကောင်းသော ပန်းထိုခြင်း မိန်းမ၏ ပျမ်းမျှဝင်ငွေသည် အယွမ်(၁)သိန်း ရှိရောက် ခဲ့ပါသည်။ ပန်းထိုးထည်များကို ပြည်ပသို့ ရောင်းချပြီး ဂျာပန်၊ တောင်ကိုရီးယား၊ ဥရောပနှင့် အမေရိကတိုက် နိုင်ငံများသို့ ရောင်းချ၍ လက်ဆင့်ကမ်းသည် အနှစ် တစ်ထောင်ကျော်သော ယီလူမျိုး ပန်းထိုးထည်သည် ခေတ်သစ်တွင် သစ်လွင်သော သက်ရှိနိုင်စွမ်း ပြန်လည် ထွက်လာပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်