ပဉ္စမအကြိမ် ထန်ဟွာ ချဉ်စော်ကားသီးပွဲကို ကျင်းပ၍ ချဉ်စော်ကားသီး ဆွတ်ခူးသည့်အပြင် Lycoris radiata var. radiate ရှုစားနိုင်

2019-07-29 15:06 ရောင်စုံတိမ်တံတား

1151250618_副本

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ပဉ္စမအကြိမ် ထန်ဟွာ ချဉ်စော်ကားသီးပွဲကို ဇူလိုင်လ ၂၅ရက်မှ သြဂုတ်လ ၃၁ရက်အထိ တရားဝင် ကျင်းပမည်။ ပွဲကျင်းပရာတွင် ချဉ်စော်ကားသီး ကြည့်ရှုခြင်း၊ ချဉ်စော်ကားသီး ဆွတ်ခူးခြင်း၊ ချဉ်စော်ကားအရက် သောက်သုံးခြင်း၊ ချဉ်စော်ကားသီး ပန်းချီဆွဲခြင်း၊ ချဉ်စော်ကားသီး ဝယ်ယူခြင်း အပြန်အလှန် လှုပ်ရှားမှု (၅)ခု ရှိမည်။ မြို့သူမြို့သားများ၊ ခရီးသည်များသည် ထန်ဟွာဘုရားကျောင်း ဥယျာဉ်သို့ ချဉ်စော်ကားသီးများကို ဆွတ်ခူးလာ သည့်အပြင် ဥယျာဉ်ထဲမှ Lycoris radiata var. radiate အပင်(၅)ရာကျော် ဝေဝေဆာဆာ ပွင့်ဖူးနေသည်ကို ရှုစားနိုင်မည်။

155406749_副本

ထန်ဟွာဘုရားကျောင်း ဥယျာဉ်တွင် ချဉ်စော်ကား စတုရန်းမီတာ (၃)ထောင်ကျော် စိုက်ပျိုးနေ၍ အသက်(၃၀)နှစ် ကျော်လွန်သည့် အပင် (၅)ရာကျော်ရှိ၍ နှစ်တိုင်း ချဉ်စော်ကားသီး တစ်တန်ကျော် ထွက်နိုင်ပါသည်။

278812271_副本

ဤနှစ် ထန်ဟွာဘုရားကျောင်း ဥယျာဉ်ထဲမှ ချဉ်စော်ကားသီး၏ ထွက်ကုန် အရေအတွက်သည် ကီလိုဂရမ် (၁.၅)ထောင်မှ (၁.၈)ထောင် ရှိနိုင်မည် ခန့်မှန်းပါသည်။ အခုတလော ဥယျာဉ်ထဲတွင် ချဉ်စော်ကားသီး အနည်းငယ်သည် အပြည့်အဝ ရင့်မှည့်ပါပြီ၊ ဤလကုန် မတိုင်မီ ဥယျာဉ်ထဲသို့ ဝယ်ယူနိုင်မည်၊ တန်ဖိုး တစ်ကီလိုဂရမ် (၂၅)ယွမ် ဖြစ်ပါသည်။ သြဂုတ်လ ပထမဆယ်ရက်ပိုင်း မှစ၍ အများကြီး ရင့်မှည့်၍ အများပြည်သူ ကိုယ့်ဟာကိုယ် ဆွတ်ခူးသည့် အကောင်းဆုံးချိန် ဖြစ်၍ ဆွတ်ခူးပြီးနောက် ဝယ်ယူသည့် တန်ဖိုးသည် တစ်ကီလိုဂရမ် အယွမ်(၃၀) ဖြစ်ပါသည်။

1314592812_副本

ထို့ပြင်၊ ပဉ္စမအကြိမ် ထန်ဟွာ ချဉ်စော်ကားသီး ဓာတ်ပုံရိုက်ပြိုင်ပွဲကိုလည်း အချိန်တူ ကျင်းပ၍ ထန်ဟွာဘုရားကျောင်း ဥယျာဉ်ထဲတွင် ချဉ်စော်ကား နှင့်ပတ်သက်သော လက်ရာများကို ရိုက်လျှင် 783922937@qq.com မှတစ်ဆင့် ဥယျာဉ်သို့ ပေးပို့နိုင်၍ ဆုရသည့် အခွင့်အလမ်း ရှိပါသည်။

1331737405_副本

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်