ထန်လန်ချွန်၌ နေကြာပန်း အမို(၁)ရာကျော်သည် ဝေဝေဆာဆာ ပွင့်ဖူးနေ

2019-07-25 17:02 ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ကျင်းစက်ထန်ချွန် ရှုခင်းသာရပ်ကွက်၌ စိုက်ပျိုးနေသည့် နေကြာပန်း အမို(၁)ရာကျော်သည် ဝေဝေဆာဆာ ပွင့်ဖူးနေ၍ နွေရာသီတွင် အပန်းဖြေ ကောင်းမွန်သော နေရာ ဖြစ်ပါသည်။

သာမန်အားဖြင့် ကျင်းစက်ထန်ချွန်မှ နေကြာပန်း၏ ပွင့်ဖူးချိန်သည် ဇူလိုင်လ ၁၅ရက်မှ သြဂုတ်လ ၁၅ရက်အထိ ဖြစ်၍ ဇူလိုင်လ တတိယဆယ်ရက်ပိုင်းသည် ဝေဝေဆာဆာ ပွင့်ဖူးချိန် ဖြစ်လျက်ရှိသည်။ ဤနှစ် ပန်းပွင့်ချိန်သည် နည်းနည်းကြိုတင်ပြီး ဇူလိုင်လ ၂၀ရက်မှ ဝေဝေဆာဆာ ပွင့်ဖူးချိန်သို့ စတင်ဝင်ရောက်၍ ခန့်မှန်းချက်အရ သြဂုတ်လဆန်း အထိ ဝေဝေဆာဆာ ပွင့်ဖူးနိုင်မည်။ အခုတလော၊ မိုးအဆက်မပြတ်ရွာ သောကြောင့် ပန်းကြွေကျသည် ပိုစောသည်။ မြို့သူမြို့သားများသည် ဤနေရာသို့ ပန်းရှုစားလာချင်လျှင် အခုနှစ်ပတ်သည် ပိုကောင်းသည့် အခွင့်အလမ်း ဖြစ်ပါသည်။

နေကြာပန်းအပြင် ကျင်းစက်ထန်ချွန် ပတ်လည်နားမှ ကျေးလက်တောရွာ ရှုခင်းလည်း သာယာလှပ၍ မြင်းစီးပြီး ပန်းရှုစားနိုင်၍ တိုဟူးကင်၊ အာလူးကင်၊ ကြက်ကင် စသည့် သရေစာ အမျိုးမျိုးကိုလည်း မြည်းကြည့် နိုင်ပါသည်။ ကျင်းစက်ထန်ချွန်မှ ကူမင်းမြို့သို့ ပြန်လာသည့် လမ်းပေါ်တွင် အန်နင်ဝေချွင်လမ်း ဖြစ်၍ ဤတွင် အကြီးစား သစ်တော ရေပူစမ်း ရေကူးဌာန၊ နေသာထိုင်သာရှိသည့် ဟိုတယ်၊ ပစ္စည်းကိရိယာ ပြည့်စုံကောင်းမွန်သော အပန်းဖြေရိပ်သာ၊ ဈေးတန်းနှင့် စားသောက်ဆိုင် ရှိ၍ ရခဲ့သည့် အပန်းဖြေနေရာ ဖြစ်ပါသည်။

ဝေချွင်လမ်းသည်လည်း အန်နင်၏ ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်း စုစည်းသည့် နေရာ ဖြစ်၍ လူဟန့်နေအိမ်တော်၊ လုံယူနေအိမ်တော်၊ ယန်ဇူရွှန်းနေအိမ်တော် စသည့် ခေတ်နီးပိုင်းနှင့် ယခုခေတ်တွင် နာမည်ကျော်သူ၏ နေအိမ်ဟောင်းရှိ၍ ရှေးဟောင်းသော စောင်ရှီးဘုရားကျောင်း၊ ယူနန် ဗုဒ္ဓဘာသာပညာ ကောလိပ်ကျောင်း စသည့် ရှုခင်းသာရပ်ကွက် များကိုလည်း ကြည့်ရှုနိုင်သည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်