ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခဥယျာဉ် “ကြာပုဏ္ဍရိတ်ပန်းမျိုးရင်း ရှုစားခြင်း” လှုပ်ရှားမှုကို စတင်ကျင်းပ

2019-07-01 15:38 ရောင်စုံတိမ်တံတား

138171592_15614282406691n

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “ကြာပုဏ္ဍရိတ်ပန်း မျိုးရင်း၏ အလှကို ရှုစားခြင်း၊ ရွက်တစ်ရွက်ဖြင့် ပြုလုပ်သည့်လှေကို စီးခြင်း” ခေါင်းစဉ်ဖြင့် ၂၀၁၉ခုနှစ် “ကြာပုဏ္ဍရိတ်ပန်းမျိုးရင်း ရှုစားခြင်း” နှင့်ပတ်သက်သော လှုပ်ရှားမှုများကို ဇူလိုင်လ ၁ရက်မှ သြဂုတ်လ ၃၁ရက်အထိ ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခဥယျာဉ်၌ ကျင်းပမည်။

138171592_15614282611561n

တရုတ် သိပ္ပံပညာတံခွန်အသင်း ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခဥယျာဉ်သည် နိုင်ငံတော် AAAAAအဆင့် ရှုခင်းသာရပ်ကွက် ဖြစ်၍ တရုတ် ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကျင်ဟုံမြို့ မုန်လခရိုင် မုန်လွင်မြို့နယ် ဟူလူသောင်၌ တည်ရှိနေ၍ တရုတ်နိုင်ငံတွင် အကျယ်အဝန်း အကျယ်ဆုံး၊ စုဆောင်းသည့် ဇီဝအမျိုးအစား အများဆုံး၊ သီးခြား ရုက္ခဥယျာဉ် အများဆုံးသော ရုက္ခဥယျာဉ် ဖြစ်၍ သိပ္ပံပညာသုတေသနပြုခြင်း၊ ဇီဝအမျိုးအစား ကာကွယ်ထိန်းသိမ်းခြင်းနှင့် ပေါ်ပြူလာသိပံ္ပ ပညာရေး စုစည်းသည့် အထွေထွေ သုတေသနလုပ်ငန်းဌာနနှင့် ရှုခင်းသာရပ်ကွက်လည်း ဖြစ်သည်။

138171592_15614282948391n

ကြီးမားသော Victoria regia Lindl သည် အလေးချိန် ကီလိုဂရမ်(၇၀)ခန့် ခံရနိုင်၍ လှေတစ်စင်း စီးလို၍ “ကြာပုဏ္ဍရိတ်ပန်းမျိုးရင်း ထဲမှ မင်းကြီး” ဘွဲ့ထူး ရှိသည်။ Victoria regia Lindl သည် ရေနေပင်ထဲတွင် အကြီးဆုံးသော အရွက် ရှိပြီး အကြီးဆုံးသော အချင်း (၃)မီတာ ရှိ၍ အရွက်သည် အပေါ်သို့ လိပ်ပြီး မြစိမ်းသော ကျောက်စိမ်းလင်ပန်းလိုပြီး လှေကို လိုသည်။ Victoria regia Lindl ရွက်သည် အလွန်ကြီးမားသော ဖော့ဂုဏ်ရှိ သောကြောင့် ပစ္စည်းလည်း တင်နိုင်၍ လူလည်းတင်နိုင်သည်၊ ကလေးသည် ဤပေါ်တွင် လွယ်ကူစီးနိုင်၍ ယိမ်းနွဲ့လှုပ်ရှား မတတ်သည်။

138171592_15614283021631n

ထို့ပြင်၊ အပူချိန်ပြောင်းခြင်း၊ ဖိုမပြောင်းခြင်း၊ အရောင်ပြောင်းခြင်း တို့သည် Victoria regia Lindl ၏ ထူးခြားချက်တစ်မျိုး ရှိသည်။ Victoria regia Lindl ပွင့်ဖူးရာတွင် ပထမရက်နေ့ ညတွင် မွန်မြတ်သန့်စင်သော အဖြူရောင်ပန်းမသည် အနီးတဝိုက်မှ အပူချိန်ကို တိုးမြှင့်၍ ပိုးမွှားကောင်များကို ဆွဲဆောင်လာသည်။ ဒုတိယရက်နေ့ နံနက်ခင်းတွင် ပန်းပွင့် တဖြည်းဖြည်း ပိတ်လိုက်၍ ပန်းမသည် ပန်းဖို့သို့ စတင်ပြောင်း၍ ဝတ်ဆံခေါင်းသည်လည်း တဖြည်းဖြည်း ရင့်သန်သည်။ ဒုတိယရက်နေ့ ညနေတွင် Victoria regia Lindl သည် ထပ်မံပွင့်ဖူး၍ ပန်းရောင်သို့မဟုတ် ပန်းရောင်ခြယ်ဆေး ပေါ်လာ၍ အံ့ဖွယ်ကောင်းသည်။ Victoria regia Lindl အသီး တစ်လုံးတည်း မျိုးစေ့အလုံး (၃)ရာမှ (၄)ရာအထိ ရှိ၍ အများဆုံးလျှင် အလုံး(၇)ရာ ရှိ၍ အသီး၏ ကစီ များများပါရှိသောကြောင့် “ရေထဲမှ ပြောင်းဖူး” ဘွဲ့ထူးရှိသည်။

138171592_15614283175801n

ကလေးများ အကြိုက်ဆုံးသော “ငါး၏ Victoria regia Lindl၊ ငါး၏လှေ” စသည့် လှုပ်ရှားမှုများကို အများပြည်သူ အတွက် ဖွင့်လှစ်၍ ကလေးများသည် Victoria regia Lindl နှင့် အနီးကပ်ထိတွေ့၍ ဟန်အမူအရာ မျိုးစုံသော ကြာပုဏ္ဍရိတ်ပန်းမျိုးရင်း ရုက္ခပင် တစ်ရာကျော်ကို ကြည့်ရှုစေသည်။

138171592_15614283467501n

ကြာပုဏ္ဍရိတ်ပန်းမျိုးရင်း ရုက္ခပင်အပြင်၊ နွေရာသီည ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခဥယျာဉ် ထဲတွင် များပြားသော ပိုးစုန်းပြူးသည် သစ်ရွက်၊ မြက်ဖုတ်၊ ကန်မျက်နှာပြင်နှင့် ခရီးသည်များ၏ နားဘေးတို့တွင် အားရပါးရ လွင့်ပျံ၍ လူများ၏ စိတ်ထဲတွင် မမေ့နိုင်သော ရှုခင်း ဖြစ်လာသည်။

138171592_15614283555011n

138171592_15614283636621n

138171592_15614283701761n

138171592_15614283760211n

138171592_15614283824451n

138171592_15614283881711n

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်