"၂၀၁၉ခုနှစ် တရုတ် ခရီးသွားလာရေး ယဉ်ကျေးမှု အပတ်" လှုပ်ရှားမှုများကို ဖနွမ်းပင်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပ

2019-06-28 11:13 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) "၂၀၁၉ခုနှစ် တရုတ် ခရီးသွားလာရေး ယဉ်ကျေးမှု အပတ်" နှင့်ပတ်သက်သော လှုပ်ရှားမှုများကို ဇွန်လ ၂၆ရက်နေ့တွင် ကမ္ဗောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပပါသည်။

ဤအကြိမ် လှုပ်ရှားမှုမှာ ပင်လယ်ရပ်ခြားမှ တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်ပုံပြင်များကို ကောင်းကောင်းပြောပြသည့် တိကျသော လက်တွေ့ဆောင်ရွက်ခြင်း တစ်ကြိမ် ဖြစ်၍ ၂၀၁၉ခုနှစ် "တရုတ်-ကမ္ဗောဒီးယား ယဉ်ကျေးမှု ခရီးသွားလာရေးနှစ်" ၏ အစိတ်အပိုင်းလည်း ဖြစ်ပါသည်။ လှုပ်ရှားမှုများမှာ "သာယာလှပသော တရုတ်" ဓာတ်ပုံပြပွဲ၊ တရုတ် ယူနန် နာမည်ကျော်သော ပညာရှင်များမှ လက်ရေးလက်သားနှင့် ပန်းချီလက်ရာ ပြပွဲ၊ တရုတ်-ကမ္ဗေားဒီးယား လူငယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဖလှယ်ခြင်း အဖွဲ့ စသည်တို့သည် ဖွဲ့စည်းပေးသည်။ ၎င်းအနက်၊ ဓာတ်ပုံပြပွဲနှင့် လက်ရေးလက်သား ပန်းချီလက်ရာပြပွဲကို ဇူလိုင်လကုန်အထိ ကျင်းပမည်။

တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တရုတ်-နိုင်ငံခြား ယဉ်ကျေးမှု ဖလှယ်ရေးစင်တာ လုပ်ငန်းစူးစမ်းလေ့လာရေးအဖွဲ့၊ ယူနန်ပြည်နယ် ပါတီကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန လုပ်ငန်းကြီးကြပ်ခြင်းနှင့် ညွှန်ကြားရှေ့ဆောင်ခြင်း အဖွဲ့၊ ကမ္ဗောဒီးယား ကမ္ဗောဒီးယား-တရုတ် ဆက်ဆံရေး တိုးတက်မှုအသင်း အသင်းချုပ်၊ ကမ္ဗောဒီးယား တရုတ် နှစ်နိုင်ငံမှ သတင်းထောက်နှင့် ဧည့်သည်တော် အယောက် (၂၀၀)ကျော်သည် လှုပ်ရှားမှုများကို ပါဝင်ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်