ကူမင်းမြို့ သကွမ်းဥယျာဉ် ကြာပန်းပြပွဲကို ဇွန်လ ၂၁ရက်နေ့မှစ၍ ကျင်းပ

2019-06-24 16:25 ရောင်စုံတိမ်တံတား

157184_670x670

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ကူမင်းမြို့ သကွမ်းဥယျာဉ် ၁၅ ကြိမ်မြောက် ကြာပန်းပြပွဲကို ဇွန်လ ၂၁ရက်နေ့မှ သြဂုတ်လ ၃၁ရက်နေ့အထိ ကျင်းပမည်။ ဤအကြိမ် ကြာပန်းပြပွဲသည် ကူမင်းမြို့အတွင်း ပြသသည့် အကျယ်အဝန်း အကြီးမားဆုံး၊ ပြသသည့် အမျိုးအစား အများဆုံး၊ ပန်းပွင့်ချိန် အရှည်ဆုံး၊ ပြပွဲ အကြောင်းအရာ အကြွယ်ဝဆုံးသော ကြာပန်းပြပွဲ ဖြစ်ပါသည်။ ပန်းအိုးစိုက် ကြာပန်း အအိုး(၂၀၀၀)ကျော်၊ ကြာပန်း၊ ကြာပဒုမ္မာနှင့် ရေနေပင်အမျိုးမျိုး အမို(၂၀၀)ကျော် ပြသပါသည်။

သကွမ်းဥယျာဉ်တွင် ကြာပန်း၊ ကြာပဒုမ္မာနှင့် ရေနေပင် အမို(၂၀၀)ကျော် ရှိ၍ ကြာပန်း အမျိုး (၅၀၀)ကျော် ရှိပါသည်။ ကြာပန်းပြပွဲ ကျင်းပရာတွင် သကွမ်းဥယျာဉ်ထဲသို့ ဝင်ရောက်လျှင် နေရာတကာတွင် ကြာပန်း ရှုစား နိုင်ပါသည်။

157180_670x670

157181_670x670

157183_670x670

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်