ကန်တော်စိမ်းဥယျာဉ် သတ္တမအကြိမ် ကြာပန်းပွဲသည် ကွင်းဖွင့်ခဲ့

2019-06-24 15:37 ရောင်စုံတိမ်တံတား

20170625162831HLIB2C

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်း ကန်တော်စိမ်းဥယျာဉ် သတ္တမအကြိမ် ကြာပန်းပွဲသည် ဇွန်လ ၂၂ရက်တွင် ကွင်းဖွင့် ခဲ့ပါပြီ။

20170625162831J0KEYB

ကန်တော်စိမ်းထဲမှ ကြာပန်းကန်သည် အမို(၄၀)ကျော် ကျယ်ဝန်း၍ ဤတွင် ကြာပန်းများကို ကန်တော်စိမ်းဥယျာဉ် တည်ဆောက်ချိန်မှ စတင် စိုက်ပျိုးခဲ့သည်။ ၂၀၀၂ခုနှစ်တွင် တစ်နိုင်ငံလုံး ၁၆ ကြိမ်မြောက် ကြာပန်းပြပွဲကို ကန်တော်စိမ်းဥယျာဉ်၌ ကျင်းပ ပြီးနောက် ဥယျာဉ်သည် ကြာပန်း၏ စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး အင်အားကို အဆက်မပြတ် တိုးပွား၍ ကြည့်ရှုရန် ပိုကောင်းသော ကြာပန်း အမျိုးအစား များကို သွင်းယူလာခဲ့သည်။ ထို့ပြင်၊ ဥယျာဉ်ထဲမှ အရှေ့ဘက် ကြာပန်းကန်ပေါ် ဝါးတောကျွန်းနီးတွင် ဥယျောဉ်ထဲမှ တစ်ခုတည်းသော ကြာပန်း ကြည့်ရှုသည့် ပြင်ညီစင်ကို လည်း တည်ဆောက်ခဲ့သည်။ တစ်နှစ် နွေခေါင်ခေါင်ကာလတွင် ကန်တော်စိမ်းဥယျာဉ် ထဲမှ ကြာပန်းများသည် တစ်ပွင့်နှင့် တစ်ပွင့် ယှဉ်ပြိုင်ပွင့်ဖူး၍ အလွန် မွှေးပျံ့၍ ကြာပန်းနီနှင့် ကြာပန်းဖြူ အပြန်အလှန် တင့်တယ်လာအောင် တန်ဆာဆင်ပေး လျက်ရှိသည်။

20170625162831A6B6RF

ဤနှစ် ကြာပန်းနှင့် ကြာပုဏ္ဍရိက် များသည် မေလ တတိယဆယ်ရက်ပိုင်းတွင် ရှေ့စဉ်နောက်ဆက် ပွင့်ဖူး ခဲ့ပါပြီ၊ ဇွန်လ ဒုတိယဆယ်ရက်ပိုင်းမှ သြဂုတ်လအထိ၊ ဝေဝေဆာဆာ ပွင့်ဖူးချိန်သို့ ဝင်ရောက်မည်။ ဤအကြိမ် ကြာပန်းပွဲတွင် ဖူဇယ်ဟင် ကြာပန်းနီ၊ ဖူဇယ်ဟင် ကြာပန်းဖြူ၊ စူးကွန်ရှုပ် စသည့် ကြာပန်းအမျိုး (၂၀)ကျော်ကို ပြသသည်။ ထို့ပြင်၊ ကန်တော်စိမ်းဥယျာဉ် ကစားကွင်းသည်လည်း ပွဲကျင်းပရာတွင် အများပြည်သူ အတွက် ဖွင့်လှစ်မည်။

20170510174218GMERBF

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်