ယူနန်တိုင်းရင်းသား ကျေးရွာ ဥယျာဉ်တွင် သင်္ကြန်ပွဲကို (၅)ရက်ကြာ ကျင်းပ

2019-04-26 15:41 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) " တိုင်လူမျိုး သကရာဇ် ၁၃၈၁ခုနှစ် ကူမင်း သင်္ကြန်ပွဲ"ကို ဧပြီလ ၁၀ရက်နေ့မှ ၁၄ရက်နေ့အထိ ခမ်းခမ်းနားနား ကျင်းပပြီး ယူနန် တိုင်းရင်းသား ကျေးရွာ ဥယျာဉ်တွင် ကြွယ်ဝပေါများသည့် ယဉ်ကျေးမှု အကြေင်းအရာ နှင့် လှုပ်ရှားမှုများ ရှိသဖြင့် ခရီးသည်တို့သည် သင်္ကြန်ပွဲ၏ ပျော်ရှင်မှုကို ခံစားစေနိုင်၍ စစ်မှန်သည့် သင်္ကြန်ပွဲ၏ ဓလေ့ထုံးစံကို ခံစားနိုင်ပါသည်။

ပွဲ ဝတ်ကောင်းစားလှသော တိုင်လူမျိုး မိန်းကလေး နှင့် ယောက်ျားတို့သည် နံနက်ပိုင်း ၁၀နာရီတွင် ရှမ်းအိုးစည်ကို ထိုးပြီး ကကွန်း အကကို ကပြီး အရှေ့ဘက်ဝင်ပေါက်၌ ရေဖျန်းခြင်းဖြင့် ဆုတောင်း၍ ခရီးသည်တို့ လာရောက်ခြင်းကို ကြိုဆိုပါသည်။ တိုင်းလူမျိုးကျေးရွာ၊ ထွန်ကျိန်ရင်ပြင်သည် သင်္ကြန်ပွဲကို ကျင်းပသည့် အဓိကနေရာ ဖြစ်လာပြီး တိုင်းရင်းသား သရုပ်ဆောင်သူတို့သည် ဝတ်ကောင်းစားလှ၊ ပျော်ရှင်သည့် စည်းချက်ဝါးချက် အသံထွက်သည်နှင့်အမျှ လူတို့သည် အပြန်အလှန် ရေဖျန်း၍ ကျက်သရေလှပါသည်။

(၅)ရက်ကြာ ကျင်းပသောပွဲတွင် နေ့တိုင်းနေ့တိုင်း ကြွယ်ဝပေါများသော လှုပ်ရှားမှုများကို လှည့်လည်စွာ ကျင်းပပြီး ခရီးသည်တို့သည် ယူနန်က ပေါများသည့် ရိုးရာဒလေံထုံးစံကို ခံစားနိုင်၍ ထို့ပြင် ခရီးသည်တို့သည် စစ်စစ်သော တိုင်းရင်းသား အစားအစာကို မြည်းစားနိုင်ပါသည်။


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်