၂၀၁၉ခုနှစ် တရုတ် လူတျန့် ချယ်ရီသီး ယဉ်ကျေးမှု ခရီးသွားလာရေးပွဲကို ဧပြီလ ၁၉ရက်မှ မေလ ၁၀ရက်အထိ ကျင်းပ

2019-04-24 10:28 ရောင်စုံတိမ်တံတား

107053

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၉ခုနှစ် တရုတ် လူတျန့် ချယ်ရီသီး ယဉ်ကျေးမှု ခရီးသွားလာရေးပွဲကို ဧပြီလ ၁၉ရက်မှ မေလ ၁၀ရက်အထိ ကျင်းပမည်။

ဤနှစ် ကျင်းပသည့် ၁၄ကြိမ်မြောက် ချယ်ရီသီး ယဉ်ကျေးမှု ခရီးသွားလာရေးပွဲ၏ အဓိက ကျင်းပရာနေရာကို လူတျန့်ခရိုင် ရှောင်ဇိုက်မြို့နယ်၌ ထောင်ထားသည်၊ နေရာခွဲကို လုံထုတ်စန်းမြို့နယ်၌ ထောင်လိုက်သည်။ ပွဲကျင်းပရာတွင် ဦးစီးကျင်းပသူသည် စာပေအနုပညာ တင်ဆက်ပြပွဲ တစ်ပွဲ၊ ကုန်သည်များစုဆောင်းခြင်းနှင့် မိတ်ဆက်ဖြန့်ချီပွဲ တစ်ကြိမ်၊ ပြပွဲများ၊ မြည်ကြည့်ခြင်း ကြည့်ရှုခြင်းနှင့် လည်ပတ်ခြင်း ကာနီဗယ်ပွဲတစ်ပွဲ၊ အားကစားပြိုင်ပွဲ တစ်ကြိမ်၊ အနှစ်သာရနှင့်ပြည့်စုံသော စာပေအနုပညာ တင်ဆက်ပြပွဲ၊ ထွန်းယက်ယဉ်ကျေးမှုပြပွဲ၊ ထူးခြားသော ယူနန်ပန်းထိုးထည်ပြပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ နှင့် ဘော်လီဘောပြိုင်ပွဲ စသည့် လှုပ်ရှားမှုများကို ကျင်းပမည်၊ ခရီးသည်များ အတွက် အနှစ်သာရနှင့် ပြည့်စုံသော ကြီးကျယ်ခမ်းနားသော အကြားအမြင်ပွဲ ပါလာမည်။ ချယ်ရီသီးဆွတ်ခူးသည့် ဥယျာဉ်ခြံမြ၊ ထူးခြားသော သရေစာရောင်းဈေး စသည်တို့သည် ခရီးသည်များသည် အားရနှစ်သိမ့်စေမည်။

အခုတလော၊ လူတျန့် ရှောင်ဇိုက်မြစ်ကမ်းဘေးတွင် ချယ်ရီပင် စိုက်ပျိုးသည့် အကျယ်အဝန်း အမို(၁.၅)သောင်း ရှိသည်၊ ၎င်းအနက်၊ အထွက်များအချိန် ဝင်ရောက်သည် အမို(၉)ထောင် ရှိ၍ တစ်နေ့ ခရီးသည် အယောက် (၅)သောင်းကျော် ဧည့်ခံနိုင်သည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်