ဆစ်ဆွမ်းဘန်န နိုင်ငံတကာ သင်္ကြန်ပွဲကို ၁၃ရက်နေ့ စတင်မည်

2019-04-10 10:42 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်)  ဆစ်ဆွမ်းဘန်န နိုင်ငံတကာ သင်္ကြန်ပွဲ နှင့် (၂၂)ကြိမ်မြောက် ဆစ်ဆွမ်းဘန်န နယ်စပ်ဒေသ ခရီးသွားခြင်း အရောင်းအဝယ်ပွဲကို ၁၃ရက်နေ့တွင် စတင်မည် နိုင်ငံ နှင့် နေရာ အခု(၂၀)မှ ခရီးသည်တို့သည် ဆစ်ဆွမ်းဘန်နတွင် စုစည်းပြီး ပွဲတော်ကို အတူတူ ကူးပါမည်။

ယနှစ် ဆစ်ဆွမ်းဘန်န အဓိကပြခန်းတွင် အမျိုးသား လုပ်သားပြည်သူအကြား ရိုးရာ ယဉ်ကျေးမှု လည်ပတ်ခြင်း ပြသမှု ရှိပြီး တေးသီချင်း၊ အက၊ တိုက်ရိုက်သော ဓါတ်ပုံဖြင့် ဆစ်ဆွမ်းဘန်န ရိုးရာယဉ်ကျေးမှု၊ နိုင်ငံအဆင့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် နှင့် ထူးခြားချက်ပါရှိသော ဇီဝလကဏာ ယဉ်ကျေးမှု(၆)ခုကို ပြသပြီး ဆစ်ဆွမ်းဘန်န အမျိုးသားအမျိုးမျိုးတို့သည် ဇာတိကို ကြိုက်နှစ်ခြင်း၊ ဘဝကို ကြိုက်နှစ်ခြင်း၊ ကောင်းမွန်မှုကို ကြည်ညိုလေးမြတ်ခြင်း၏ စိတ်ဓါတ်ကို တင်ပြပါသည်။

ထို့ပြင် (၂၂)ကြိမ်မြောက် ဆစ်ဆွမ်းဘန်န နယ်စပ်ဒေသ ခရီးသွားခြင်း အရောင်းအဝယ်ပွဲကို လာအို၊ ထိုင်း၊ မြန်မာ၊ ကမောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံ နှင့် နေရာ အခု(၂၀)ကျော်မှ ကုန်သည်တို့ ပါဝင်ပါမည်။ ကျောက်မျက်ရတနာ၊ လက်မှုအနုပညာ ပစည်း၊ မဟော်နီသစ် ပရိဘောဂ၊ အလှပြင် ပစည်း၊ နေ့စဉ်သုံး ပစည်း၊ အိမ်သုံး လျှပ်စစ်ပစည်း၊ အမျိုးသား အဝတ်အစုံ၊ ခရီးသွားခြင်း ကုန်ပစည်း၊ ယူနန်ဒေသထွက်ကုန် ပစည်းများကို ပြသပါမည်။


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်