the Ancient Tea Horse Road ဖိုရမ်ကို ကူမင်းမြို့၌ ကျင်းပခဲ့

2019-04-03 16:25 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နှစ်ရက်ကြာသော ၂၀၁၉ခုနှစ် ကူမင်း the Ancient Tea Horse Road ဖိုရမ်ကို မတ်လ ၃၁ရက်နေ့ ကူမင်းမြို့၌ ရုပ်သိမ်း၍ ပြည်တွင်းပြည်ပ ပညာရှင် အယောက် (၅၀)ကျော်သည် သုတေသနပညာရပ် ဖလှယ်ပွဲကို ပါဝင် ခဲ့ပါသည်။

ခေတ်မှီ ယဉ်ကျေးမှုအမွေအနှစ်နှင့် မိမိ လွတ်လပ်စွာ တီထွင်သည့် ယဉ်ကျေးမှု အမှတ်တံဆိပ်အဖြစ် the Ancient Tea Horse Roadကို နိုင်ငံတော်ကောင်စီသည် သတ္တမအသုတ် နိုင်ငံတစ်ခုလုံး အရေးကြီးသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဌာနအဖွဲ့အစည်းအဖြစ် ၂၀၁၃ခုနှစ် ထုတ်ပြန်ကြေညာ ခဲ့ပါသည်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု” တည်ဆောက်ရေးကို အဖြည်းဖြည်း ပါဝင်ပါသည်။
တရုတ်လူမှုသိပ္ပံပညာ တံခွန်အသင်းကြီး၊ တရုတ်သိပ္ပံပညာ တံခွန်အသင်း၊ ပီကင်းတက္ကသိုလ်၊ ဟယ်နန်တက္ကသိုလ်၊ ရှီးနန်မင်ဆုတက္ကသိုလ်၊ ချင်းဟိုင် မင်ဆုတက္ကသိုလ်၊ ယူနန်တက္ကသိုလ်၊ ရှီနန်သစ်တောလုပ်ငန်း တက္ကသိုလ်၊ ယူနန်ပြည်နယ် လူမှုသိပ္ပံပညာ တံခွန်အသင်းကြီးနှင့် အနောက်ပိုင်း သြစတြေးလျားတက္ကသိုလ် စသည့် သိပံ္ပပညာသုတေသနပြုခြင်း ဌာနများနှင့် တက္ကသိုလ်မှ ပညာရှင်များသည် the Ancient Tea Horse Road ယဉ်ကျေးမှု အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး၊ ယဉ်ကျေးမှု အမှတ်တံဆိပ် တည်ဆောက်ရေး၊ ယူနန်လက်ဖက်လုပ်ငန်း သယံဇာတပစ္စည်းနှင့် ဈေးကွက်စိစစ်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ကာကွယ်စောင့်ရှောက်ရေးနှင့် အသုံးပြုခြင်း၊ ရှုခင်းလေ့လာခြင်းနှင့် တည်ဆောက်ခြင်း၊ the Ancient Tea Horse Road ခေတ်မှီရေးနှင့် နိုင်ငံတကာသုတေသနပြုခြင်း၊ the Ancient Tea Horse Road ၏ သမိုင်းရေးရာဗေဒ၊ လူမျိုးရေးရာဗေဒ၊ ဘာသာစကား ရေးရာဗေဒ သုတေသနပြုခြင်း စသည့် ခေါင်းစဉ်ဖြင့် “မြင်အားအတိုင်းအတာနှင့် အာကာသ- ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခုမှ the Ancient Tea Horse ကြည့်ခြင်း” “အရပ်နှင့် ကမ္ဘာ- ဒေသခံ တမူထူးသည့် ရှုခင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် the Ancient Tea Horse” “သမိုင်းနှင့် အနာဂတ်- the Ancient Tea Horse သုတေသနပြုသည့် အကြောင်းအရာ၊ လက္ခဏာနှင့် နည်းလမ်း” အစိတ်အပိုင်း သုံးခုကို ခွဲခြား၍ ဘာသာရပ်ကျော်ခြင်း၊ အရပ်ဒေသကျော်ခြင်း၊ နိုင်ငံကျော်သည့် ဖလှယ်ပွဲကို ဆောင်ရွက်၍ ပညာရှင် (၁၆)ယောက်သည် ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ထုတ်ပြန် ခဲ့ပါသည်။

ဤဖိုရမ်ကို ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဦးစီးဌာန၊ ယူနန်တက္ကသိုလ်သည် ဦးစီးကျင်းပ၍ ယူနန်ပြည်နယ် the Ancient Tea Horse သုတေသန စခန်း၊ ယူနန်တက္ကသိုလ် ယဉ်ကျေးမှု ဖံွံဖြိုးတိုးတက်ရေး သုတေသန အကယ်ဒမီ၊ ယူနန်တက္ကသိုလ် “ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု” သုတေသန အကယ်ဒမီသည် တာဝန်ယူ လုပ်ဆောင်၍ ယူနန်ပြည်နယ် the Ancient Tea Horse သုတေသနအသင်းသည် ကူပံ့ ကျင်းပခဲ့ပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်