ဒုတိယအကြိမ် အန်နင် ကျေးရွာ သစ်တော်ပန်း မာရသွန်အပြေးပြိုင်ပွဲကို ကျင်းပခဲ့

2019-03-10 21:30 ရောင်စုံတိမ်တံတား

640.webp

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဒုတိယအကြိမ် အန်နင် ကျေးရွာ သစ်တော်ပန်း မာရသွန်အပြေးပြိုင်ပွဲကို မတ်လ ၉ရက်နေ့တွင် အန်နင်မြို့ ပါးကျေး၊ ရှန့်ကျေး၌ တရားဝင် ကျင်းပ ခဲ့ပါသည်။ နိုင်ငံ(၁၁)ခုမှ လာသော မာရသွန်နှစ်သက်သူ အယောက်(၃)ထောင်ကျော်သည် ပါဝင်ခဲ့ပါသည်။

640.webp (1)

“နတ်ပြည်မာရသွန်တစ်ရာ” စတင်ဆောင်ရွက်သူ ကျင်းဖေးပေါက်၊ ယူနန်ပြည်နယ်တွင် တစ်ယောက်တည်းသော နယ်ခံ အိုလန်ပစ်ချန်ပီယံ ကောဝေရန်သည် ဦးဆောင်ပြေး၍ ယူနန် အပြေးကျွမ်းကျင်သူ မာဝူလျန့်သည် ဤအကြိမ် အမျိုးသား မာရသွန်အပြေးပြိုင်ပွဲ၏ ချန်ပီယံ ရရှိခဲ့ပါသည်။

640.webp (2)

ဤအကြိမ် မာရသွန်အပြေးပြိုင်ပွဲသည် မာရသွန်ကို စီစဉ်သည့်အပြင် ထက်ဝက်မာရသွန်၊ (၁၀)ကီလိုမီတာ အပြေး၊ (၅)ကီလိုမီတာ အပြေး၊ (၂.၅)ကီလိုမီတာ မီးသားစု မီနီမာရသွန်လည်း စီစဉ်ခဲ့ပါသည်။ နယ်ခံ အားကစားသမားများ အပြင် ဂျာမနီ၊ အမေရိကန်၊ ဗြိတိန်၊ ဒိန်းမတ်၊ ဥဇဘက်ကစ္စတန်၊ မာလီ၊ ကနေဒါ၊ အီတလီ စသည့်(၁၁)နိုင်ငံမှ အားကစားသမားများကို ဆွဲဆောင်ပါဝင်လာ၍ စုစုပေါင်းလူဦးရေ အယောက်(၃)ထောင် ကျော်လွန်ခဲ့ပါသည်။

640.webp (3)

ပြိုင်ပွဲသည် ပါးကျေးလမ်း၊ ရှန့်ကျေးလမ်း ဖြစ်သော အန်နင်မြို့ အရေးကြီးသော သစ်တော်သီးနီ ထွက်နေရာနှစ်ခုကို ဖြတ်ကျော်၍ လမ်းတစ်လျှောက် ရှုခင်း အလွန်လှပပါသည်။

လူများအာရုံစိုက်သော မာရသွန်အပြေးပြိုင်ပွဲသည် သစ်တော်သီးနီ စိုက်ပျိုးရေးစခန်းမှ အစ၊ ရှန့်ပါးပထမအဆင့်လမ်း၊ သစ်တော်ဥယျာဉ်၊ စန်းခုတ်ကျေးရွာ၊ ဖုယီကျေးရွာ၊ စစ်ဒေသ လယ်ယာစိုက်ပျိုးကွင်းကို ဖြတ်ကျော်၍ ပြိုင်ပွဲဝင်များသည် ပြေးရာတွင် အဖြူရောင် သစ်တော်ပန်း၊ ပန်းရောင် ချယ်ရီပန်းနှင့် မက်မုံပန်းများကို ရှုစားနိုင်ပါသည်။

640.webp (4)

ယှဉ်ပြိုင်ခြင်းအားဖြင့် အမေရိကန် အားကစားသမား Daniel Landskroener သည် အမျိုးသား ထက်ဝက်မာရသွန် အပြေးပြိုင်ပွဲ၏ ချန်ပီယံ ရရှိခဲ့ပါသည်။ Daniel Landskroener သည် ကူမင်းမြို့၌ နေထိုင်သည် (၂)နှစ် ရှိပါပြီ။

ချူရွှုံယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲမှလာသော မာဝူလျန့်သည် အမျိုးသား မာရသွန် အပြေးပြိုင်ပွဲ၏ ချန်ပီယံကို ရရှိခဲ့ပါသည်။ သူသည် ပြိုင်ပွဲ၏ ကောင်းမွန်သော ဖွဲ့စည်းမှုနှင့် ပြေးလမ်း၏ လှပသော ရှုခင်းတို့ကြောင့်အန်နင် သစ်တော်ပန်း မာရသွန် အပြေးပြိုင်ပွဲကို ပါဝင်ပါသည် ဟုပြိုင်ပွဲပြီးနောက် ပြောဆို ခဲ့ပါသည်။ လုံဟုံယူသည် အမျိုးသမီး ထက်ဝက် မာရသွန်အပြေးပြိုင်ပွဲ၏ ချန်ပီယံရယူ၍ ရွန်လျုဇူသည် အမျိုးသမီး မာရသွန်အပြေးပြိုင်ပွဲ၏ ချန်ပီယံရယူ ခဲ့ပါသည်။

640.webp (5)

ဒုတိယအကြိမ် အန်နင် ကျေးရွာ သစ်တော်ပန်း မာရသွန်အပြေးပြိုင်ပွဲသည် အန်နင်မြို့၏ ပထမ မာရသွန်အပြေးပြိုင်ပွဲ ဖြစ်ပါသည်။ အားကစားများသည် ပြိုင်ပွဲပြီးနောက် သစ်တော်ဥယျာဉ်၌ အရသာကောင်းသာ သစ်တ်ာပန်းစားပွဲ စံစားခဲ့ပါသည်။ ဖွဲ့စည်းရေးကော်မတီသည် လာရာက်သော ခရီးသည်များနှင့် အားကစားသမားများ အတွက် ကျေးရွာစာပေအနုပညာလက်ရာပြပွဲ၊ လယ်ာယာထွက်ကုန်ပစ္စည်း ပြသရောင်းချပွဲ စသည့် လှုပ်ရှားမှုများကိုလည်း ပြင်ဆင်ပါသည်။

မတ်လတစ်ခုလုံးတွင် အန်နင်ပါးကျေး၊ ရှန့်ကျေး စလုံးသည် အကောင်းဆုံး ပန်းရှုစားချိန် ဖြစ်ပါသည်။ ခရီးသည်များသည် သစ်တော်ပန်း ဝေဝေဆာဆာ ပွင့်ဖူးသည့် ရှုခင်းကို ရှုစားသွားနိုင်မည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်