ဒုတိယအကြိမ် ဖူအယ် နိုင်ငံတကာ အကောင်းစား ကော်ဖီပြပွဲကို မတ်လ ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ ကျင်းပမည်

2019-03-10 16:30 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဒုတိယအကြိမ် ဖူအယ် နိုင်ငံတကာ အကောင်းစား ကော်ဖီပြပွဲကို မတ်လ ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ ယူနန်ပြည်နယ် ဖူအယ်မြို့၌ ကျင်းပမည်။ ဤအကြိမ်ပြပွဲ၏ စီမံကိန်းချသည့် ပြသရေး အကျယ်အဝန်း စတုရန်းမီတာ (၁.၂)သောင်း ရှိ၍ အဓိက အကြောင်းအရာရှိသည့် ပြခန်းနေရာ၊ နာမည်ကျော်သော အမှတ်တံဆိပ် ပြခန်းနေရာ၊ နိုင်ငံတကာ ပြခန်းနေရာ၊ ပြည်နယ်ပ ပြခန်းနေရာ၊ ဖူအယ် ပြခန်းနေရာ၊ ပေါင်းစည်း ပြခန်းနေရာ ပါဝင်မည်၊ ထိုအခါတွင် တစ်နိုင်ငံလုံး ပြည်နယ်၊ ပြည်နယ်ခွဲ၊ မြို့ အခု(၂၀)ကျော်နှင့် အမေရိကန်၊ ဂျပန်၊ ထိုင်း၊ မြန်မာ၊ ဟွန်ဒူရပ်၊ ကိုလံဘီယာ စသည့် တစ်ကမ္ဘာလုံး နိုင်ငံ၊ ဒေသ အခု(၂၀) မှလာသော ကော်ဖီအဖွဲ့နှင့် လုပ်ငန်းများသည် ပါဝင်လာမည်။

ဤပြပွဲကို ကုန်သွယ်ရေးဝန်ကြီးဌာန လှည့်လည်ရေးလုပ်ငန်း တိုးမြှင့်ရေးစင်တာသည် ဦးစီးကျင်းပ၍ ယူနန် နိုင်ငံတကာ ကော်ဖီ ရောင်းဝယ်ရေး စင်တာသည် တာဝန်ယူ လုပ်ဆောင်ပါသည်။ ပြပွဲကျင်းပရာတွင“လုပ်ငန်း တွဲဖက်ဆောင်ရွက်ခြင်း၊ ဈေးကွက် ဝေမျှခံစားခြင်း” ခေါင်းစဉ်ဖြင့် သီးခြား နိုင်ငံတကာ ဖိုရမ်၊ ယူနန် ကော်ဖီစေ့ပြိုင်ပွဲ၊ လူအယောက် တစ်သောင်းသည် ဖူအယ်ကော်ဖီ အတူတူ မြည်းကြည့်ခြင်းနှင့် သတ္တမအကြိမ် တရုတ် ဖူအယ် ကော်ဖီဖလား World Siphonist Championship တရုတ်ဗိုလ်လုပွဲ၊ ၂၀၁၉ခုနှစ် ယူနန်ဖလား ကော်ဖီမီးကင်ဆရာ အတတ်ပြိုင်ပွဲ၊ အဆန်းထွင်သည့် ကော်ဖီကုန်ပစ္စည်းနှင့် ထွက်ကုန်ပစ္စည်းသစ် ထုတ်ပြန်ပွဲ၊ ဖူအယ် အကောင်းစား လက်ဖက်ခြောက် မိတ်ဆက်ဖြန့်ချီပွဲ၊ ကော်ဖီစိုက်ဥယျာဉ်ခြံမြေ စူးစမ်းလေ့လာခြင်း စသည့် လှုပ်ရှားမှုများကို ကျင်းပမည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်