၁၉ ကြိမ်မြောက် ကူမင်းမြို့ ကျောင်းယေဥယျာဉ် မက်မုံပန်း ယဉ်ကျေးမှုပွဲကို မတ်လ ၂ရက်နေ့ စတင်ကျင်းပ

2019-03-05 16:29 ရောင်စုံတိမ်တံတား

78955

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “ပန်းပွင့်အသံကို ကြားမိခြင်း” ခေါင်းစဉ်ဖြင့် ၁၉ ကြိမ်မြောက် ကူမင်းမြို့ ကျောင်းယေဥယျာဉ် မက်မုံပန်း ယဉ်ကျေးမှုပွဲကို မတ်လ ၂ရက်နေ့မှ ၃၁ရက်နေ့အထိ ကျင်းပမည်။ ဥယျာဉ်ထဲတွင် အနီရောင်၊ ပန်းရောင်၊ အဖြူရောင် မက်မုံပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေပါသည်။ ပန်းများကို လာရောက်ကြည့်ရှုသည့် ခရီးသည် များများ ရှိပါသည်။ မိတ်ဆွေနှင့်၊ အိမ်သူအိမ်သားနှင့် အတူတူလာ၍ တချို့လူသည် ပန်းအောက်မှ မြေပေါ်ကြမ်းပေါ် ထိုင်၍ အလွန် စိတ်တိုင်းကျပါသည်။ တချို့လူသည် သစ်တောထဲ၌ ကစား၍ အလွန် ပျော်ရွှင်ပါသည်။

78954

မက်မုံပန်း ယဉ်ကျေးမှုပွဲ ကျင်းပရာတွင် ခရီးသည်များသည် Prunus persica၊ Albo plena၊ Dwarf peach၊ Prunus persica Chrysanthemoides၊ Prunus persica 'Wubao Tao' စသည့် အမျိုး(၂၀)ကျော်သော မက်မုံပန်း အပြင် တစ်သောင်းကျော်ကို ရှုစား နိုင်ပါသည်။ ခန့်မှန်းချက်အရ ဤမက်မုံပန်းများသည် မတ်လ ၈ရက်နေ့နီးပါး ဝေဝေဆာဆာ ပွင့်ဖူးချိန်ကို ကြိုဆိုမည်။ ထို့ပြင်၊ ချယ်ရီပန်း၊ ဇလပ်နီပန်း၊ သရက်ထည်ပန်း၊ သစ်တော်ပန်း၊ မက်မန်းပန်း စသည့် ပန်းများကိုလည်း ရှုစား နိုင်ပါသည်။

78956

အခု ကျောင်းယေဥယျာဉ်သို့ အခမဲ့ လည်ပတ်နိုင်ပါပြီ။ မက်မုံပန်း ယဉ်ကျေးမှုပွဲ ကျင်းပရာတွင် ပန်းရှုစားခြင်း၊ နွေဦးရှုခင်း ကြည့်ရှုခြင်း၊ ဆင်ခြေဖုံးရပ်ကွက်သို့ ထွက်လည်ခြင်း အပြင်၊ ဥယျာဉ်သည် အာဖရိကပလုတ်တုတ် တေးဂီတသီဆိုပွဲ၊ Cosplay of Counter Strike၊ မြားပစ်ခြင်း၊ လူငယ်လူရွယ် စစ်ရေးလေ့ကျင့်မှု စသည့် လှုပ်ရှားမှုများကို ဆောင်ရွက်မည်။

78957

စားကြိုက်သူများသည် မက်မုံပန်းတောထဲတွင် ဘာဘီကျူးခြင်းလည်း ပြုလုပ်နိုင်ပါသည်။ မက်မုံပန်းတဲပုတ် အောက်တွင် အရသာကောင်းသော အစားအစားများ မြည်းကြည့်၍ ဥယျာဉ်ထဲမှ မော်ကူနေထိုင်မှုတိုက်တွင် မက်မုံပန်းဖြင့် ပြုလုပ်သည့် ရေခဲချောင်း၊ အရက်၊ ထူးခြားသော ဖျော်ရည်အမျိုးမျိုးကို စားသောက် နိုင်ပါသည်။

ကွင်းဖွင့်သည့်နေ့တွင် ခရီးသည် အယောက်(၄)ထောင်ခန့် ရှိ၍ ကျောင်းယေဥယျာဉ်သို့ ပန်းရှုစားလာ ခဲ့ပါသည်။

78958

အကောင်းဆုံး ရှုစားနေရာများ

၁။ ထောင်ဟွားရွန် ရှုခင်းသာရပ်ကွက်။ ဥယျာဉ်၏ အနောက်တံခါး၌ တည်ရှိနေ၍ ဥယျာဉ်ထဲမှ မက်မုံပန်း အမျိုးအစား အများကြီး ရှိပါသည်။

၂။ ဥယျာဉ်ထဲမှ ဆွဲတံတားဘေးနား။ ဇလပ်နီပင် များများ စိုက်နေ၍ ရှုခင်း သာယာ လှပါသည်။

၃။ မေဇေကူဒေသ။ Prunus persica Chrysanthemoides၊ ဇလပ်နီပင်များကို စိုက်နေ၍ သစ်လွင်တည်ဆောင်သည့် ရှုခင်းကြည့်နေရာ ရှိပါသည်။

၎။ ဥယျာဉ်၏ အရှေ့တံခါး။ ကူမင်း အကြီးဆုံးသော ယူနန့် ချယ်ရီပန်းများ စိုက်ဒေသ ဖြစ်၍ အကျယ်အဝန်း အမို(၅၀) ရှိပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်