ကူမင်းမြို့ ချယ်ရီပန်းပွဲကို မတ်လ ၁ရက်နေ့တွင် စတင်ကျင်းပ၍ သရက်ထည်ပန်းနှင့် ချယ်ရီပန်း အချင်းချင်းလှပြိုင်

2019-02-27 14:45 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ကူမင်းမြို့ ၂၀ကြိမ်မြောက် ချယ်ရီပန်းပွဲနှင့် ယူနန်ပြည်နယ် "ရွန်ထွန်း ချယ်ရီပန်းဒီရေ" ပဉ္စမအကြိမ် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ပြပွဲကို မတ်လ ၁ရက်နေ့တွင် စတင် ကျင်းပမည်။

ဤနှစ် ယူနန့် ချစ်ရီပန်းနှင့် သရက်ထည်ပန်းများ၏ ပွင့်ငုံအရေအတွက်၊ ပန်းပွင့်အခြေအနေ သည် လွန်ခဲ့သည့်နှစ်ထက် ပိုကောင်းပါသည်။ အခုတလော၊ သရက်ထည်ပန်းသည် စတင် ပွင့်ဖူးချိန် ကြိုဆိုလာ၍ မတ်လ ပထမဆယ်ရက်ပိုင်းတွင် ဝေဝေဆာဆာ ပွင့်ဖူးမည်။ ယူနန့်ချယ်ရီပန်းသည် မတ်လ ပထမဆယ်ရက်ပိုင်းတွင် စတင်ပွင့်ဖူးမည်၊ မတ်လ ၁၆ရက်နေ့တွင် ဝေဝေဆာဆာ ပွင့်ဖူးမည် ခန့်မှန်း၍ ထိုအခါတွင် ခရီးသည်များသည် ချယ်ရီပန်းနှင့် သရက်ထည်ပန်းများ အတူတူ ပွင့်ဖူးသည့် " ရွန်ထွန်း ချယ်ရီပန်းဒီရေ" လှပသော ရှုခင်းကို ရှုစားနိုင်မည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်