ဇာတ်ကြည်ရှုခြင်း၊ ဥယျာဉ်လည်ပတ်ခြင်း၊ မုန့်လုံးရေပေါ်စားခြင်း ကူမင်းမြို့ မုန့်လုံးရေပေါ်ပွဲသည် ပိုရိုးရာ၍ ကြည့်၍ပိုကောင်း

2019-02-25 14:39 ရောင်စုံတိမ်တံတား

71465

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ၁၉ရက်နေ့သည် ရိုးရာပွဲတော်အဖြစ် မုန့်လုံးရေပေါ်ပွဲ ဖြစ်၍ ကြွယ်ဝပေါများသော လှုပ်ရှားမှုများကို ကူမင်းမြို့ လမ်း၊ ကွန်မြူနီတီ အသီးသီး၌ ကျင်းပ၍ မြို့သူမြို့သား များသည် ဝမ်းသာရွှင်လန်းသော အခြေအနေထဲတွင် ရိုးရာယဉ်ကျေးမှုကို ခံစား ခဲ့ပါသည်။

လူကြီး အယောက်(၁)ထောင်သည် ၁၉ရက်နေ့တွင် ထောင်ယိန်ရင်ပြင်၌ စုစည်း၍ အားကစားလေ့ကျင့်မှုဖြင့် မုန့်လုံးရေပေါ်ပွဲကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ခဲ့ပါသည်။ ထို့ပြင်၊ မီးအိမ်ပေါ် ရေးထားသည့် ပဟေဠိ ဖြေခြင်း၊ ကြက်တောင်ဖော့လုံး ကန်ခြင်း စသည့် ရိုးရာ ကစားပျော်ရွှင်မှုများသည် လူကြီးများ တက်ကြွစွာ ပါဝင်ရန် ဆွဲဆောင်၍ ပါဝင်သူများသည်လည်း အထိမ်းအမှတ်ပစ္စည်းကို ရရှိ ခဲ့ပါသည်။ ပြည်သူတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်သန်စွမ်းရေး ပညာ ပြန်ကြားရေး ဒေသကိုလည်း စီစဉ်၍ လူကြီးများ ကိုယ်လက်ကြံ့ခိုင်သန်စွမ်းရေး၏ အရေးကြီးခြင်းကို ပြန်ကြား၍ သိပ္ပံပညာရှိ ကိုယ်လက်ကြံ့ခိုင်သန်စွမ်းရေး ပညာနှင့် နေထိုင်မှုနည်းကို ပြန့်ပွားစေ ခဲ့ပါသည်။

Kunming World Horticultural Expo Garden မီးပွဲကို ညကျင်းပ၍ မြို့သူမြို့သား များသည် မီးလင်းအရိပ်ထဲတွင် ကူမင်းမြို့ မုန့်လုံးရေပေါ်ပွဲ၏ညကို ကြုံတွေ့ ခဲ့ပါသည်။ ဤအကြိမ် မီးပွဲသည် ရောင်စုံမီး အလုံး(၈၀)သန်း ဖွဲ့စည်း ထားပါသည်။ ခေါင်းစဉ် အမျိုး(၄၀) ဖြစ်သော အကြီးစား ရိုးရာမီးပြပွဲကို စီစဉ်၍ ခေါင်းစဉ်သည် ရိုးရာ အမျိုးသား ယဉ်ကျေးမှုနှင့် ခေတ်မီသိပ္ပံနည်းပညာကို ပါဝင်ပါသည်။ မီးပွဲကို မတ်လ ၁၀ရက်နေ့အထိ ကျင်းပမည်။

"ဆူပါလမင်း"သည် မုန့်လုံးရေပေါ်ပွဲကို ကြုံတွေ့ချိန် ကူမင်းမြို့ တကွမ်းဥယျာဉ်သည် မြို့သူမြို့သားများ မီးကြည့်ရှုပြီး လမင်းရှုစားပြီး ပွဲကူးသည့် နေရာကောင်း ဖြစ်လာပါသည်။ မြို့သူမြို့သား သောင်းနှင့်ချီပြီး တကွမ်းဥယျာဉ်သို့ ၁၉ရက်နေ့တွင် ရောက်လာ၍ မီးပြပွဲ လည်ပတ်ခြင်း၊ မီးအိမ်ပေါ် ရေးထားသော ပဟေဠိဖြေခြင်း စသည်တို့ကို ဆောင်ရွက် ခဲ့ပါသည်။ တကွမ်းဥယျာဉ်ထဲမှ ကြွယ်ဝပေါများသော လှုပ်ရှားမှုများသည် ခရီးသည်များ သည် တရုတ်နှစ်သစ်ကူး ပွဲတော်၏ အခြေအနေကို ခံစား စေပါသည်။ ၁၉ရက်နေ့ ည ၉နာရီအထိ ဤဥယျာဉ်ထဲသို့ ဝင်ရောက်ပြီး ပွဲကူးသည့် ခရီးသည် အယောက် (၂)သောင်း ရှိခဲ့ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်