နိုင်ငံတကာ တောင်တန်း စက်ဘီးပြိုင်ပွဲ နာမည်စာရင်း စတင်ပေးသွင်း

2019-02-25 14:33 ရောင်စုံတိမ်တံတား

74496

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) သတင်းထောက်သည် "၂၀၁၉ခုနှစ် လျံဟယ် နိုင်ငံတကာ လက်ဖက်ဥယျာဉ်ခြံ အမို(၁)သောင်း ပြင်ပ ဖိတ်ခေါ်ပြိုင်ပွဲ- တောင်တန်း စက်ဘီးပြိုင်ပွဲ" နာမည်စာရင်း ထက်သန်စွာ ပေးသွင်းနေ၍ နိုင်ငံများမှ လက်ရွေးစင် အားကစားသမား များသည် ပါဝင်လာမည် ဟု ဖေဖေါ်ဝါရီလ ၂၄ရက်နေ့တွင် လျံဟယ်ခရိုင် ပြည်သူ့အစိုးရမှ သိရှိရ ခဲ့ပါသည်။

ဤအကြိမ် ပြိုင်ပွဲသည် ယောက်ျား၊ မိန်းမ သီးခြားအဖွဲ့နှင့် အများပြည်သူအဖွဲ့ (၂)ဖွဲ့ကို စီစဉ်၍ ပြိုင်ပွဲဝင်များသည် တောင်တက်ပြိုင်ပွဲနှင့် တောင်တန်းပြိုင်ပွဲကို စိန်ခေါ်မည်။ တောင်တန်း စက်ဘီးပြိုင်ပွဲ အပြင် ရွက်ထည်တဲပွဲနှင့် မော်တော်ကား မော်တော်ဆိုင်ကယ် လှုပ်ရှားမှုလည်း ရှိပါသည်။ တောင်တက်ပြိုင်ပွဲ၏ ပြေးလမ်းသည် လျံဟယ် ကျင်းတာမှ ထွက်ခွာပြီး ဟွေလွန်ကျေးရွာသို့ ပြန်လာ၍ စုစုပေါင်း (၁၅.၈)ကီလိုမီတာ ရှိပါသည်။ တောင်တန်း ပြိုင်ပွဲသည် ဟွေလွန်ကျေးရွာ လက်ဖက်ဥယျာဉ်ခြံ အမို(၁)သောင်းတွင် ကျင်းပမည်။

အခု ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ နယ်သာလန်၊ မြန်မာ စသည့် နိုင်ငံများမှ လက်ရွေးစင် အားကစားသမား များသည် နာမည်စာရင်း ပေးသွင်းပါပြီ။ ထို့ပြင်၊ ပြည်တွင်း ပြည်နယ်နှင့် မြို့များ မှလာသော သီးခြား အားကစားသမား အယောက် (၁၀၀)ကျော်သည် နာမည်စာရင်း ပေးသွင်းပါပြီ။

 

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်