Kunming World Horticultural Expo Garden တွင် ရောင်စုံမီးသီး အလုံး (၈၀၀)သန်းကို ဇန်နဝါရီလ ၂၅ရက်နေ့မှ စတင်ထွန်းမည်

2019-01-24 14:38 ရောင်စုံတိမ်တံတား

55692

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇန်နဝါရီလ ၂၅ရက်နေ့မှ မတ်လ ၁၀ရက်နေ့အထိ၊ ၂၀၁၉ခုနှစ် ဟွာချောင်ချမ်ဥယျာဉ် Expo နှစ်သစ်ကူးပွဲတော် မီးပွဲကို Kunming World Horticultural Expo Garden ၌ ကျင်းပမည်။ ထိုအခါရောက်လျှင် ရောင်စုံမီးသီး အလုံး (၈၀၀)သန်းကို နေ့တိုင်း ၁၈နာရီမှ ၂၂နာရီအထိ ထွန်း၍ ခရီးသည်များအတွက် ထွန်းလင်းတောက်ပသော အတွေ့အကြုံကို ပါလာမည်။

55693

ဤအကြိမ်မီးပွဲသည် ရောင်စုံမီးသီး အလုံး (၈၀၀)သန်းဖြင့် ဖွဲ့စည်းဖြစ်လာ၍ ခေါင်းစဉ်ရှိသော မီးပြခန်း စုစုပေါင်း အခု(၄၀)ကျော် ရှိပါသည်။ ဥယျာဉ်ခြံမြေထဲတွင် ထူးဆန်းသော လူ၏ မွေးနှစ်မှတ်သားရန် သတ်မှတ်ထားသော တိရစ္ဆာန် ၁၂မျိုး၊ ယူနန် ထူးခြားသော ယဉ်ကျေးမှုကို ပြသသည့် ရင့်ရှန့်ယူနန်၊ ကလေးပုံပြင်ဖြစ်သော ရေသူမစောင်းတန်း၊ ခန့်ညားထည်ဝါသော ဒိုင်နိုဆောကောင်လျှိမြောင်၊ ကျောက်ဇေဆီးနှင်းတောင် စသည်တို့ ရှိပါသည်။ ရိုးရာမီးပြပွဲအပြင် 3D ရေပိတ်ကားပေါ် ရုပ်ရှင်နှင့် 3D လေဇာရောင်ခြည်ပြသခြင်းလည်း ရှိပါသည်။

55694

ဤအကြိမ်မီးပွဲမှာ Kunming World Horticultural Expo Garden သည် ၂၀၁၈ခုနှစ်နောက် ကျင်းပသည့် ဒုတိယအကြိမ် ဟွာချောင်ချမ်ဥယျာဉ် Expo နှစ်သစ်ကူးပွဲတော် မီးပွဲ ဖြစ်ပါသည်။ အထူးသဖြင့်၊ ဤအကြိမ်မီးပြပွဲသည် LED အလင်းပင်ရင်းကို အများစု အသုံးပြုပါသည်။

55695

မီးပွဲ၏ အဝင်လက်မှတ်ခ (၈၈)ယွမ်လိုပါသည်၊ ထို့ပြင်၊ “Kunming World Horticultural Expo Garden Tourist Area” တရားဝင် WeChatထဲမှ “မီးပွဲ၏ ကောင်းကျိုး” နှင့်ပတ်သတ်သော အကြောင်းအရာများကို ထုတ်ဆင့်ခြင်း (၂၄)နာရီရှိလျှင် တစ်စောင် အယွမ်(၅၀)သာ လိုသော လက်မှတ်ခကို ခံစားနိုင်ပါသည်။ (၁.၂)မီတာ မရှိသော ကလေးများ၊ အသက်(၇၀)နှစ် ကျော်သော သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူ ထောက်ခံစာကိုင်သူများသည် အခမဲ့ ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။ အသက်(၆၀)နှစ် ကျော်သော သက်ကြီးရွယ်အိုများနှင့် ကျောင်းသူကျောင်းသားများသည် WeChat ထုတ်ဆင့်ခြင်း (၂၄)နာရီရှိလျှင် လက်မှတ်ခဝယ်လျှင် အယွမ်(၄၀)သာ လိုပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်