ယူနန် ကျောက်ဇေဆီးနှင်းတောင် နိုင်ငံတကာ နှင်းလျှောစီးကွင်းသည် လုပ်ငန်း စတင် လုပ်ကိုင်ဆောင်ရွက်ခဲ့

2019-01-04 17:36 ရောင်စုံတိမ်တံတား

46415

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန် ကျောက်ဇေဆီးနှင်းတောင် နိုင်ငံတကာ နှင်းလျှောစီးကွင်းသည် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့တွင် လုပ်ငန်း တရားဝင် စတင် လုပ်ကိုင်ဆောင်ရွက် ခဲ့ပါသည်၊ ဆယ့်နှစ်ရာသီ ဆွေဦးရာသီလိုသည့် ကူမင်းမြို့ဘေးနားတွင် နှင်းလျှောစီးနိုင်ပါသည်။

46416

ယူနန် ကျောက်ဇေဆီးနှင်းတောင် နိုင်ငံတကာ နှင်းလျှောစီးကွင်း၏ ဆီးနှင်းလမ်းကို ၂၀၁၇ခုနှစ် စက်တင်ဘာလ စတင်တည်ဆောက်၍ စုစုပေါင်း ဧရိယာအကျယ်အဝန်း စတုရန်းမီတာ (၁.၅)သိန်း ရှိပါသည်။ အခုတလော၊ ပထမအပိုင်း စီမံကိန်းကို တည်ဆောက်ပြီးသား ဖြစ်ပါပြီ၊ ဆီးနှင်းလမ်း၏ ဧရိယာအကျယ်အဝန်း စတုရန်းမီတာ (၄)သောင်းနီးပါး ရှိ၍ မူလတန်း၊ အလယ်တန်း အဓိကပါဝင်၍ တစ်နေ့ ခရီးသည် အယောက် (၆)ထောင် ဧည့်ခံနိုင်ပါသည်၊ ခရီးသည်များသည် နေ့တာ ၈နာရီခွဲမှ ၁၆နာရီအထိ၊ ညအခါ ၁၉နာရီမှ ၂၂နာရီအထိ ဤနှင်းလျှောစီးကွင်းသို့ သွားရောက်၍ နှင်းလျှောစီး နိုင်ပါသည်၊ နှင်းလျှောစီးကွင်းသည် တစ်နှစ်လုံး ဒီဇင်ဘာလဆန်းမှ လာမည့်နှစ် မတ်လ ဒုတိယဆယ်ရက်ပိုင်းအထိ အရက်(၁၁၀)ခန့်ကြာ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ပါသည်၊ ဖုန်းနံပါတ် ၀၈၇၁-၆၂၇၂၇၈၈၈ ဖြစ်ပါသည်။

46418

အခယူခြင်းစံပြ။။

တနလာင်္နေ့မှ သောကြာနေ့အထိ၊ လူတစ်ယောက် (၁၃၅)မိနစ် (၁၉၈)ယွမ်၊ တစ်နေ့လုံး (၄၉၈)ယွမ် ဖြစ်ပါသည်။ စနေတနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်တွင် (၁၃၅)မိနစ် (၂၃၈)ယွမ်၊ တစ်နေ့လုံး (၅၆၈)ယွမ် ဖြစ်ပါသည်။ ညခါ(နိုင်ငံတော် သတ်မှတ်သည့် ရုံးပိတ်ရက် မပါဝင်) တွင် (၁၃၅)မိနစ် (၁၆၈)ယွမ် ဖြစ်ပါသည်။ ဤအခကြေးငွေသည် ဆီးနှင်းပြင် လျှောစီးဖိနပ်နှင့် စကီး၏ အသုံးစရိတ် ပါဝင်သို့သော်လည်း အင်္ကျီငှားစရိတ်နှင့် နည်းပြဆရာစရိတ် မပါဝင်ပါဘူး။

46417

ယူနန် ကျောက်ဇေဆီးနှင်းတောင် နိုင်ငံတကာ နှင်းလျှောစီးကွင်းသည် ကျောက်ဇေဆီးနှင်းတောင် ရှုခင်းရပ်ကွက် စိဖန်းကျင်ခရီးသည်စင်တာ အောက်တွင် တည်ရှိနေ၍ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ(၃၁၅၀)ရှိ၍ တရုတ်နိုင်ငံတွင် အခု လတ္တီတွဒ်ဒီဂရီ အနိမ့်ဆုံးသော အကြီးစား အိမ်ပြင် နှင်းလျှောစီးကွင်း ဖြစ်ပါသည်။ ကူမင်းမြို့မှ ထွက်ခွာ၍ ကျောက်ဇေဆီးနှင်းတောင် ခရီးသွားရန် သီးခြားလမ်းတစ်လျှောက် သွားလျှင် ၃နာရီခွဲသာ လိုပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်