တရုတ်စီးပန်းဟောင်းကို ကြည့်ရှုခြင်း၊ ဘုရားပွဲကို လည်ပတ်ပြီး ကူမင်းမြို့ ဟေးလွန်ထန်ဥယျာဉ် တရုတ်ဆီးပန်းပွဲ စတင်

2018-12-28 17:07 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်)  လောလောဆယ်တွင် (၂၃)ကြိမ်မြောက် တရုတ်ဆီးပန်းပွဲကို ဟေးလွန်ထန်ဥယျာဉ် စတင် ကျင်းပပါသည်။ ဤအကြိမ် ပွဲကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့ကနေ ၂၀၁၉ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ရက်နေ့အထိ ကျင်းပပြီး မြို့သူမြို့သားတို့သည် တရုတ်ဆီးပန်းကို ရှုစားခြင်း၊ လက်ဖက်ရည်သစ်ကို မြည်းစားခြင်း အစားအစာ မြည်းကြည့်ခြင်း၊ ပန်းခြံတော် လည်ပတ် နိုင်ပါသည်။ ယနှစ် ဆောင်းရာသီတွင် အပူဒီဂရီ မြင့်သဖြင့် တရုတ်ဆီးပန်းမျိုး အမျိုး(၂၀)ကျော် ပွင့်ပူးလာပါသည်။

ဟေးလွန်ထန်ဥယျာဉ်သည် တရုတ်နိုင်ငံတွင် ထင်ရှာငးကျော်ကြားသည့် တောတောင်ရေမြေ တရုတ်ဆီးပန်း ဥယျာဉ် ဖြစ်ပြီး မြေစိုက် တရုတ်ဆီးပန်း အပင်(၁၅၀၀၀)ကျော်၊ စလုံးစိုက် တရုတ်ဆီးပန်း အလုံး(၃၀၀၀)ကျော်၊ အမျိုးစုစုပေါင်း (၁၅၀) ရှိပါသည်။ ယခုတွင် အမျိုး (၂၀)ကျော် ပွင့်ပူးနေပါသည်။ တရုတ်ဆီးပန်းပွဲတွင် ကြွယ်ဝပေါများသည့် လှုပ်ရှားမှုကို ကျင်းပပါမည်။ ထို့ပြင် မြို့သူမြို့သား နှင့် ခရီးသည်တို့သည် ပန်းမန်မီရှည်၊ ပန်းမန် ဆန်မုန့် စသည့် ပန်းဖြင့် ချက်ဖြုတ်သည့် အစားအစာ မြည်းစားနိုင် အမြင်အရုံ ကနေ ရသာရုံအထိ ပန်းမန် နှင့်ပတ်သက်သည့် အစားအစာ ခံစားပါသည်။


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်