ကူမင်းမြို့မှ မတ်ကောက်သို့ ဒီဇင်ဘာလ ၁၈ရက်နေ့မှစ၍ လေယာဉ်ဖြင့် တိုက်ရိုက်ပျံသန်းနိုင်

2018-12-21 12:20 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) China Eastern Airlines Corporation Limited ၏ လေယာဉ်နံပါတ် B-5796 ဖြစ်သည့် Boeing B737-80 အကြီးစားဂျက်လေယာဉ်သည် ဒီဇင်ဘာလ ၁၈ရက်နေ့ ညနေ ၆နာရီ ၃၆မိနစ်တွင် ကူမင်းချမ်ဆွေလေဆိပ်၌ ပျံသန်း ခဲ့ပါသည်၊ ယူနန်ပြည်နယ် ပထမအလိုင်း မတ်ကောက်သို့ တိုက်ရိုက်ပျံသန်းသည့် လေကြောင်းလိုင်းကို တရားဝင် ဖွင့်လှစ်သည့် သဘောလက္ခဏာကို ဆောင်နေပါသည်။

ဤလေယာဉ်ချိန်သည် MU9751/2 ဖြစ်၍ တစ်ပတ် အင်္ဂနေ့၊ ကြာသပတေးနေ့၊ စနေနေ့ ရောက်လျှင် ပျံ့သန်းသွားလာ၍ လေယာဉ် အမျိုးအစားသည် 737-800 ဖြစ်ပါသည်။ ညနေ၆နာရီ ၁၅မိနစ်တွင် ကူမင်းမှထွက်ခွာပြီး ည၈နာရီ၂၅မိနစ်တွင် မတ်ကောက်သို့ ရောက်နိုင်၍ ည၉နာရီ၂၅မိနစ်တွင် မတ်ကောက်မှထွက်ခွာပြီး ည၁၁နာရီ၅၀မိနစ်တွင် ကူမင်းသို့ ပြန်ရောက်ပါသည်။

မတ်ကောက်သည် ဟောင်ကောင်နှင့် ပင်လယ်ဖြင့် ခြားထား၍ နာမည်ကျော်သော နိုင်ငံတကာ အခွန်လွတ်ဆိပ်ကမ်းနှင့် ကမ္ဘောခရီးသွားလာရေး အပန်းဖြေရေးစင်တာ ဖြစ်ပါသည်၊ အရှေ့အနောက် ယဉ်ကျေးမှု၏ တိုက်မိခြင်းမှာ မတ်ကောက်သည် ကြာရှည်လေးမြင့်သော သမိုင်းယဉ်ကျေးမှု ရှိစေ၍ ခရီးသွားလုပ်ငန်းသည် စည်ပင်သာယာစေရန် များများ တွန်းအားပေးပါသည်။

အခုတလော၊ ပီကင်း၊ ရှန်ဟိုင်း၊ ဟန်ကျူး၊ နင်ဘိုး၊ ရှန့်မေ၊ ဖူကျူး၊ ချွန်ကျူး၊ နန်ကင်း၊ ဝူရှီး၊ ဟေဖေ၊ ချမ်တူး၊ ချွုံချင့်၊ ကွေ့ရန်၊ ဟိုင်ခုတ်၊ နန်နင် စသည့်(၁၅)မြို့မှ မတ်ကောက်သို့ တိုက်ရိုက်ပျံသန်း လေကြောင်းလိုင်းကို ဖွင့်လှစ်ပါပြီ။ အခု China Eastern Airlines Corporation Limited ဖွင့်လှစ်သည့် ကူမင်း-မတ်ကောက် လေကြောင်းလိုင်းသည် ယူနန်ပြည်နယ်တွင်း ပထမအလိုင်း မတ်ကောက်သို့ တိုက်ရိုက်ပျံသန်း လေကြောင်းလိုင်း ဖြစ်ပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်