တတိယအကြိမ်မြောက် ကောင်းလီကုန့်တောင် နိုင်ငံတကာ ငှက်ရှုစားပွဲကို ကျင်းပခဲ့

2018-12-20 12:24 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တတိယအကြိမ်မြောက် ကောင်းလီကုန့်တောင် နိုင်ငံတကာ ငှက်ရှုစားပွဲနှင့် ပထမအကြိမ်မြောက် “ကောင်းလီကုန့်တောင်ဖလား” နိုင်ငံတကာ ငှက်ရှုစားခြင်း တစ်ဖက်နှင့်တစ်ဖက် ယှဉ်ပြိုင်အနိုင်လုခြင်းကို အခုတလော ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုံရန်ဒေသ ဘိုင်ဟွားလျင်ကျေးရွာ၌ ကျင်းပ၍ ပြည်တွင်းပြည်ပ ယှဉ်ပြိုင်ခြင်းအဖွဲ့ (၁၁)ဖွဲ့ကို ဆွဲဆောင်ပြီး ပါဝင်လာ ခဲ့ပါသည်။

ပြိုင်ပွဲသည် ငှက်အမျိုးအစား၏ အရေအတွက်၊ ဓာတ်ပုံ၏ အနှစ်သာရနှင့်ပြည့်စုံသော ခဏတဖြုတ်၊ ငှက်မျိုး၏ မေတ္တာနှင့် ထုံစံရှိခြင်း၊ ငှက်မျိုး၏ ရှားပါးခြင်းအခြေအနေ၊ ရုပ်ပုံ၏ အဖိုးတန်လှခြင်း အခြေအနေ စသည်တို့ဖြင့် ရွေးချယ်အကဲဖြတ်ခြင်း စံချိန်စံညွှန်းအဖြစ်၊ ထိုအခါရောက်လျှင် အဖွဲ့ဆု၊ ရွှေရိုက်ကွက်ဆုနှင့် အကောင်းဆုံး မှတ်တမ်းတင်ဆုတို့ကို ဖော်ပြမည်။

ကောင်းလီကုန့်တောင်သည် တရုတ်နိုင်ငံ ငှက်မျိုး အကြွယ်ဝဆုံးသော ဒေသတစ်ခုအဖြစ်၊ ငှက်ချစ်သူ၊ ငှက်ရီုက်သူ၊ ငှက်ရှုစားသူနှင့် ငှက်ကြည့်သူတို့သည် မပြတ်မစဲ တသဲသဲ ရောက်လာသည့် နေရာဖြစ်ပါသည်။ ဤနေရာတွင် ငှက်များ (၁၉)မျိုးစဉ်၊ (၅၈)မျိုးရင်း၊ (၅၂၅)မျိုး ရှိ၍ ယူနန့် ငှက်(၉၅၈)မျိုး၏ ၅၄.၈ရာခိုင်နှုန်း ရှိ၍ တရုတ် ငှက်အမျိုး(၁၄၀၀)၏ ၃၇.၅ရာခိုင်နှုန်း ရှိ၍ “ကြယ်ငါးပွင့် နိုင်ငံတကာ ငှက်ရှုစားသည့်နေရာ” “တရုတ်တွင် ငှက်ရှုစားသည့် ကောင်းမွန်သောဒေသ” အဖြစ် ချီးကျူးပေး လျက်ရှိသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်