ယူနန်ထွက်ကုန် ပစ္စည်းများကို ကမ္ဗောဒီးယား သွင်းပို့ကုန်ပစ္စည်းပြပွဲတွင် ပေါ်ထွက်

2018-12-12 10:05 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) (၁၃)ကြိမ်မြောက် ကမ္ဗောဒီးယား သွင်းပို့ကုန်ပစ္စည်းပြပွဲကို ဒီဇင်ဘာလ ၈ရက်နေ့ ကနေ ၁၁ရက်နေ့အထိ ကမ္ဗောဒီးယား မြို့တော် ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့ပါသည်။ ပြပွဲတွင် တရုတ်(ယူနန်) အစိမ်းရောင် ကုန်ပစ္စည်းပြနေရာသည် ဧည့်သည်များအား ဆွဲဆောင်ပါသည်။

ကမ္ဗောဒီးယား သွင်းပို့ကုန်ပစ္စည်းပြပွဲသည် ကမ္ဗောဒီးယား၏ အရေးပါသည့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး ပြပွဲတစ်ခု ဖြစ်ပါသည်။ ဤအကြိမ်ပြပွဲကို တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံ(၁၃)ခု နှင့် ကမ္ဗောဒီးယားက ပြည်နယ်(၂၅)ခု လုပ်ငန်းဌာန အခု (၃၀၀)ကျော်သည် ပါဝင်လာကြပါသည်။

ပြပွဲတွင် တရုတ်(ယူနန်) အစိမ်းရောင် ကုန်ပစ္စည်း ပြနေရာ သီးခြားစွာ စီစဉ်ပြီး လက်ဖက်ခြောက်၊ ပန်းမန်၊ အသီး၊ ဟင်းသီးဟင်းရွက်၊ သစ်ကျားသီး၊ ကော်ဖီ၊ တရုတ်ဆေးဝါး၊ အမဲသား စသည့် ယူနန်ထွက်ကုန်သော ထူးခြား ပစ္စည်းများကို ပြသ မိတ်ဆက်ဖြန့်ချီပါသည်။ ထို့ပြင် ယူနန်ထွက်ကုန် ပစ္စည်း ကမ္ဗောဒီးယားသို့ ရောက်ခြင်း ထူးခြား မိတ်ဆက်ဖြန့်ချီပွဲကိုလည်း ကျင်းပပြီး ပြပွဲပါသင်သည့် ဧည့်သည်တို့အား ယူနန် အရေးပါသည့် လုပ်ငန်း နှင့် အစိမ်းရောင် စွမ်းအင်၊ အစိမ်းရောင် အစားအစာ၊ ကျန်းမာသော ဘ၀ ရည်မှန်တိုင် အကြောင်းအရာကို မိတ်ဆက်ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်