၂၀၁၈ခုနှစ် SCOကူမင်း မာရသွန်ပြိုင်ပွဲကို ဒီဇင်ဘာလ၂ရက်နေ့တွင် ရုပ်သိမ်းပြီးဆုံး

2018-12-03 17:29 ရောင်စုံတိမ်တံတား

 31596

 (ရောင်စုံတိမ်တံတား၊ ပို့အီစံ)ဒီဇင်ဘာလ၂ရက်နေ့နံနက်၉နာရီတွင် ယူနန်ဆားလုပ်ငန်း--၂၀၁၈ခုနှစ် SCOကူမင်း မာရသွန်ပြိုင်ပွဲကို ဟိုင်ကိန် စည်းဝေးခန်းမကြီး၌ ကျင်းပခဲ့သည်။ (၅၁)နိုင်ငံနှင့် ဒေသမှ လာသည့် အပြေးသူများသည် အပြေးလမ်းစည်း၌ ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ၏်။

31598

SCOကူမင်း မာရသွန်ပြိုင်ပွဲကို ကူမင်းမြို့၌ သုံကြိမ်ကျင်းပခဲ့သည်။ ၂၀၁၆ခုနှစ်မှစ၍ နှစ်တိုင်းကူမင်းမြို့၌ ကျင်းပသည်။ ဤပြိုင်ပွဲသည် ခရီးစဉ်တစ်ခုလုံးမာရသွန် ပြိုင်ပွဲ၊ ထက်ဝက် မာရသွန်ပြိုင်ပွဲ၊ ပြည်သူပြည်သား ကျန်းမာရေးပြေးပွဲနှင့် မိသားစုပြေးပွဲတို့ ပါဝင်၏။ ပါဝင်သူများ၏ အရေအတွက်ကို အရင်ကထက် ပိုများလာ၍ လူအယောက်(၁၆၀၀၀)မှ အယောက်(၂၀၀၀၀)အထိ တိုးလာသည်။ ကူမင်းမြို့သူမြို့သားကလွဲလို့ တခြားဒေသနှင့် နိုင်ငံမှ လာသည့် အပြေးသူများသည် ရာခိုင်နှုန်း(၆၉) ပါဝင်၏။ ထို့အပြင် တခြားပြည်နယ်မှ လာသည့် အပြေးသူများသည် ရာခိုင်နှုန်း(၃၉) ပါဝင်၏။ အပြေးသူများထဲတွင် အသက်အကြီးဆုံးသော အပြေးသူသည် အသက်၈၁နှစ်ရှိ၍ အငယ်ဆုံးတော့ အသက်၂လပဲရှိသည်။

31599

၂ရက်နေ့နံနက် ကိုးနာရီတွင် မာရသွန်ပြိုင်ပွဲကို စတင်ကျင်းပသည်။ အဖြူရောင်၊ အပြာရောင်၊ အဝါရောင် ပြိုင်ပွဲအဝတ်စုံကို ဝတ်ထားသော အပြေးသူများသည် ဟိုင်ကိန်စည်းဝေးခန်းမကြီးမှ ခရီးစထွက်သည်။ ခရီးစဉ်တစ်ခုလုံးမာရသွန် ပြိုင်ပွဲနှင့် ထက်ဝက် မာရသွန်ပြိုင်ပွဲကို ပါဝင်သည့် အပြေးသူများသည် ဟွန်းဟိုးအရှေ့လမ်း၊ တိန်ချီလမ်း၊ ချန်ဟုန်းလမ်းနှင့် ကွမ်ကျင်လမ်းတို့ မှတစ်ဆင့် နောက်ဆုံးပန်းတိုင်သို့ရောက်၏။ အပြေးသူများသည် လမ်းဘေးတွင် သာယာလှပသောရှုခင်းများကို ရှုစားနိုင်ပါသည်။

31602

ပြင်းထန်သော အားပြိုင်မှု အားဖြင့် ထက်ဝက် မာရသွန် အမျိုးသား ပြိုင်ပွဲကို ပါဝင်သော ကင်ညာ လက်ရွေးစင်အားကစားသမားEVANS NYAKAMBA MAYAKA သည် နောက်ဆုံးပန်းတိုင်သို့ အရင်ရောက်၍ ကင်ညာမှလာသည့် Wilson Cheruiyotနှင့် ယူဂန္ဓာမှ လာသည့်KATEREGGAJOHNသည် ဒုတိယာဆု၊ တတိယဆုကို အသီးသီးရယူသည်။ ထက်ဝက် မာရသွန် အမျိုးသမီး ပြိုင်ပွဲကိုပါဝင်သော မွန်ဂိုလီးယာ လက်ရွေးစင် အားကစားသမားBAYARTSOGT MUNKHZAYA၊ တရုတ် လက်ရွေးစင် အားကစားသမား ကျန်းတေရှန့်၊ ကင်ညာလက်ရွေးစင်အားကစားသမားMercy Wanjiru Njorogeတို့သည် ဆုရ၏။

31603

ထိုအချိန်တွင် ခရီးစဉ်တစ်ခုလုံးမာရသွန် ပြိုင်ပွဲလည်း ပြင်းထန်စွာကျင်းပနေသည်။ ၁၁နာရီ ၂၀မိနစ်၄၉စက္ကန့် တွင် အီသီယိုးပီးယာ လက်ရွေးစင် အားကစားသမား BELAY OLKEBAJENEသည် နောက်ဆုံးပန်းတိုင်သို့ ရောက်၍ အမျိုးသားပြိုင်ပွဲ၏ ချန်ပီယံကို ရရှိသည်။ သူသည် SCOကူမင်း မာရသွန်ပြိုင်ပွဲကို ကျင်းပသော သုံးနှစ်ကြာတွင် အကောင်းဆုံးသော စံချိန်ကို ဖန်သီးထား၏။ ထို့ကြောင့် ပြိုင်ပွဲစံချိန်ဖန်တီးဆုကို ရယူပါသည်။

31600

 ထို့အပြင် ခရီးစဉ်တစ်ခုလုံးမာရသွန် အမျိုးသားပြိုင်ပွဲ၏ ဒုတိယဆုနှင့် တတိယဆုကို အီသီယိုးပီးယာမှ လာသောCHALABEKELE BEGNAနှင့် TELA HAGOS GEBREMESKELသည် ရယူပါသည်။ ခရီးစဉ်တစ်ခုလုံးမာရသွန် အမျိုးသမီးပြိုင်ပွဲ၏ ဆုရသူများသည် အီသီယိုးပီးယာ လက်ရွေးစင် အားကစားသမားGETISO TSEHAYGEBRE၊ ကင်ညာလက်ရွေးစင် အားကစားသမားRodah JEPKORIR Tanuiနှင့် ကာဂျစ်စတန် လက်ရွေးစင်အားကစားသမားMASLOVA DARIAတို့ ဖြစ်၏။

31607

ပြိုင်ပွဲကို ကျင်းပ ပြီးနောက် SCOအတွင်းရေးမှူးချုပ် အာလီမော့ဖူသည် ကူမင်းမြို့ ဂုဏ်ထူးမြို့သား ဆိုသည့် ဘွဲ့ထူးကိုရ၏။ ကူမင်းမြို့သည် SCOမာရသွန်ပြိုင်ပွဲ၏ မြို့တော်ဖြစ်လာပါသည်။ မာရသွန်သည် ရှန်ဟိုင်းစိတ်ဓာတ်နှင့် အားကစားစိတ်ဓာတ် ရောနှောစေသည်။ တဖြည်းဖြည်း တောင့်တင်းလာသော ဆွဲဆောင်မှုဖြင့် SCOကူမင်း မာရသွန်ပြိုင်ပွဲ၏ သွေးစည်းအင်အားကို ထင်ဟပ်ပြနိုင်သည်။ SCOကူမင်း မာရသွန်ပြိုင်ပွဲသည် တစ်ကမ္ဘာလုံးတွင် သြဇာရှိ၍ လူသားများအကြိုက်ဆုးသော မာရသွန်ပြိုင်ပွဲ တစ်ခု ဖြစ်နိုင်သည်ဟု အာလီမော့ဖူ ပြောသည်။

နောက်တစ်ကြိမ် SCOကူမင်း မာရသွန်ပြိုင်ပွဲကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ၈ရက်နေ့တွင် ကူမင်းမြို့၌ ကျင်းပသည်။ နောင်မှ ၅နှစ်ကြာတွင် နှစ်တိုင်းကျင်းပပါ့မည်ဟု SCOကူမင်း မာရသွန်ပြိုင်ပွဲ ကောမတီသည် မိတ်ဆက်ပေးသည်။

 

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်