ဖုမင်ခရိုင်တွင် စထရော်ဘာရီ ရင့်မှည့်၍ ဈေးတစ်ကီလိုဂရမ် အယွမ်(၅၀)မှ အယွမ်(၆၀)ဖြစ်

2018-11-27 16:49 ရောင်စုံတိမ်တံတား

256441_500x500

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ကူမင်းမြို့ ဖုမင်ခရိုင်တွင် ဆောင်းစထရော်ဘာရီ များသည် ဆွတ်ခူးချိန်သို့ ရှေ့စဉ်နောက်ဆက် ဝင်ရောက်ပါသည်။ နီရဲရဲသော စထရော်ဘာရီများသည် မြို့သူမြို့သားများကို ဆွဲဆောင်၍ ဆွတ်ခူးလာပါသည်။

ရင့်မှည့်သည့် ကော်ဖီစထရော်ဘာရီ များ၏ မာကျောမှုအဆင့် ပိုမြင့်၍ စုဆောင်းသိုလှောင်ပြီး သယ်ယူပို့ဆောင်ရန် ပိုခံနိုင်ပါသည်။ ကွေ့မေယွန်ထဲတွင် စထရော်ဘာရီ (၁၀)မိုကို စုစုပေါင်း စိုက်ပျိုး၍ ကော်ဖီစထရော်ဘာရီ၊ စထရော်ဘာရီမွှေး၊ ဇောင်းကျီး (နွားနို့စထရော်ဘာရီ) ၊ ထျန်းရှန်းဇွေ့၊ ဟွန်ယိ စသည့် အမျိုးအစားများ ရှိပါသည်။ ကွေ့မေယွန်သည် ဆွတ်ခူးလာသည့် ခရီးသည်များကို လွန်ခဲ့သည့် စနေတနင်္ဂနွေနေ့ မှစ၍ ဧည့်ခံ၍ ကော်ဖီစထရော်ဘာရီ တစ်ကီလိုဂရမ် အယွမ်(၆၀) ဖြစ်၍ တခြားစထရော်ဘာရီ တစ်ကီလိုဂရမ် အယွမ်(၅၀) ဖြစ်ပါသည်။

256442

ကွေ့မေယွန်အပြင် ဖုမင်ခရိုင်တွင် နန်ရင်ကျုပ်ဖုန်း စထရော်ဘာရီစခန်းလည်း ရှိ၍ မြို့သူမြို့သားများသည် သွာရောက် ဆွတ်ခူးနိုင်ပါသည်။

ဤစခန်းသည် အမို(၁၂၀) ကျယ်ဝန်း၍ နွားနို့၊ ဇောင်းကျီး၊ ဟွန်ရန်၊ နင်ယိ စထရော်ဘာရီ (၄)မျိုးကို အဓိက စိုက်ပျိုးထားပါသည်။ ဤနှစ်စခန်းထဲတွင် စိုက်ပျိုးသည့် စထရော်ဘာရီများ၏ အရည်အသွေးသည် မဆိုးဘူး၊ စထရော်ဘာရီစိုက်ပျိုးရေး ဥယျာဉ်တစ်ချို့သည် အခု ခရီးသည်များသည် ဆွတ်ခူးလာရန် ဧည့်ခံပါပြီ၊ ဈေးနှုန်းသည် တစ်ကီလိုဂရမ် အယွမ်(၅၀)မှ အယွမ်(၆၀)အထိ ဖြစ်ပါသည်။ သို့သော်လည်း အရည်အသွး ပိုကောင်းသော၊ အသီးပိုကြီးသော စထရော်ဘာရီများကို ဆွတ်ခူးချင်လျှင် အချိန်ကာလ တစ်စုံတစ်ခု စောင့်ရမည်။

 

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်