ယူနန် ပထမအကြိမ် တရုတ်ဟန်ခေတ် အဝတ်အစား ယဉ်ကျေးမှုပွဲကို ကျင်းပပြီး ခရီးသည်တို့ အချိန်ကို ဖြတ်ကျော်ခြင်းကို အခမဲ့ ခံစား

2018-11-19 15:24 ရောင်စုံတိမ်တံတား

247759_500x500

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ယူနန် ပထမအကြိမ် တရုတ်ဟန်ခေတ် အဝတ်အစား ယဉ်ကျေးမှုပွဲကို ၁၇ရက်နေ့တွင် ကျိန်းတျိန်ရှုခင်းသာ ရပ်ကွက်၌ ကျင်းပပြီး ခရီးသည်တို့သည် သာယာလှပတ်သည့် ဆောင်းဦးရာသီ ရှုခင်းတွင် "အချိန်ကို ဖြတ်ကျော်ခြင်း"ကို ခံစားနိုင်၍ တရုတ်ဟန်ခေတ် အဝတ်အစား ယဉ်ကျေးမှု ပညာကိုလည်း သင်ကြားနိုင်ပါသည်။

လောလောဆယ်တွင် တရုတ်ဟန်ခေတ် အဝတ်အစားကို ကြိုက်နှစ်သည့် မြို့သူမြို့သား များလာပြီး ရိုးရာယဉ်ကျေးမှု၏ အကျိုးသက်ရောက်မှုကို တိုးမြှင့်ခြင်းအတွက် ကျိန်းတျိန်ရှုခင်းသာ ရပ်ကွက်တွင် ယနှစ်မှစ၍ နှစ်တိုင်း နိုဝင်ဘာလ တတိယအပတ် စနေတနင်္ဂနွေတွင် တရုတ်ဟန်ခေတ် အဝတ်အစား ယဉ်ကျေးမှုပွဲကို ကျင်းပပြီး တရုတ်တစ်နိုင်ငံလုံး တရုတ်ဟန်ခေတ် အဝတ်အစားကို စိတ်ဝင်စားသူအား ဖိတ်ကြားကာ ဥယျာဉ်ကို လည်ပတ်ကြည့်ရှုခြင်း၊ ပညာရှင်တို့ ပေါင်းစည်းခြင်းဖြင့် တရုတ်ဟန်ခေတ် အဝတ်အစား ယဉ်ကျေးမှုကို ဖြန့်ချီပါသည်။

တရုတ်ဟန်ခေတ် အဝတ်အစား ယဉ်ကျေးမှုပွဲကို ၁၇ရက်နေ့နေ့လယ်ပိုင်းတွင် ကျိန်းတျိန်ရှုခင်းသာ ရပ်ကွက်၌ စစ်မှန်စွာ ဖွင့်လှစ်ပြီး တရုတ်ဟန်ခေတ် အဝတ်အစားကို စိတ်ဝင်စားသူ အယောက်(၁၀၀)ကျော်သည် ထိုနေရာတွင် ပေါင်းစည်းပြီး ခရီးသည်တို့အား တရုတ်ဟန်ခေတ် အဝတ်အစားကို ပြသ၍ ကြွယ်ဝပေါများသည့် ရိုးရာလှုပ်ရှားမှုအားခြင့် ခရီးသည်နှင့် အပြန်အလှန် တုံ့ပြန်ပါသည်။ အနာဂတ်တွင် ကျိန်းတျိန်ရှုခင်းသာ ရပ်ကွက်တွင် တရုတ်ဟန်ခေတ် အဝတ်အစား ယဉ်ကျေးမှု နှင့် ရှုခင်းသာရပ်ကွက် လှုပ်ရှားမှု ပေါင်းစည်းပြီး ရိုးရာယဉ်ကျေးမှုကို ဖြည့်စုံစွား ဖြန့်ချီပါသည်။


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်