ယူနန် ထိုင်ဖင်ကန် သစ်တောဥယျာဉ်ကို နိုဝင်ဘာလ ၁၇ရက်နေ့ကနေ (၁)လကြာ အခမဲ့ လည်ပတ်မည်

2018-11-14 09:51 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ဟွန်ဟေပြည်နယ်ခွဲ ပြည်နယ်ခွဲနေ့အခမ်းအနားကို ထောပနာပြုခြင်း အတွက် ယခုတွင် နှင်းပန်းများသည် ပွင့်ဖူးနေသည့်အချိန်ကြောင့် ထိုင်ဖင်ကန် သစ်တောဥယျာဉ်ကို နိုဝင်ဘာလ ၁၇ရက်နေ့ကနေ ဒီဇင်ဘာလ ၁၆ရက်နေ့အထိ ပြည်သူလူထုတို့အား အခမဲ့ ဖွင့်လှစ်ပေးပါမည်။

ထိုင်ဖင်ကန် သစ်တောဥယျာဉ်သည် မီလေမြို့ အရှေ့ဘက်တွင် တည်ရှိပြီး မြေယာအကျယ်အဝန်း (၄၂)စတုရန်းကီလိုမီတာ ရှိကာ ရေကန်အကျယ်အဝန်းသည် အမို(၁၃၀၀၀) ရှိပြီး ဥယျာဉ်ထဲတွင် တောင်နှင့်ရေရှိပြီး သစ်ပင် စိမ်းစိုဝေဆိုင်း၍ ပန်းပင်များလည်း ဝေဝေဆာဆာကာ ကုန်းပြင်မြင့် သဘာဝ ဇီဝလက္ခဏာ ရှုခင်း ဖြစ်လာပါသည်။

ပျော်ရွှင်စွာ စက်ဘီးစီးခြင်း၊ လက်ဖက်ရည်ကို သောက်ခြင်း၊ ကလေးဘဝကို ပြန်တွေးခြင်း စသည့် လှုပ်ရှားမှုကို နိုဝင်ဘာလ ၁၇ရက်နေ့ကနေ ၂၁ရက်နေ့အထိ ဥယျာဉ်ထဲ၌ ကျင်းပပါမည်။ ပျော်ရွှင်စွာ စက်ဘီးစီးခြင်းလှုပ်ရှားမှုကို စိတ်ဝင်စားသူတို့အား ဖိတ်ကြားပြီး ထိုင်ဖင်ကန် သစ်တောဥယျာဉ်သို့ ပါဝင်လာကြပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်