ပထမအကြိမ် တရုတ်နိုင်ငံတကာ တင်သွင်းကုန်စည်ပြပွဲတွင် ယနန် အရောင်းအဝယ်အဖွဲ့ ဒေါ်လာ (၃.၁၀၃)ဘီလျံကို စာချုပ်ချုပ်ဆို

2018-11-12 10:16 ရောင်စုံတိမ်တံတား

240576_500x500

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ကမ္ဘာ နှင့် အဝှမ်း နာမည်ကျော်ကြားသည့် ပထမအကြိမ် တရုတ်နိုင်ငံတကာ တင်သွင်းကုန်စည်ပြပွဲကို ၁၀ရက်နေ့တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီး ယူနန် အရောင်းအဝယ်အဖွဲ့သည် ဒေါ်လာ (၃.၁၀၃)ဘီလျံ စာချုပ်ချုပ်ဆိုခဲ့ပြီး ကုန်ပစ္စည်းအမျိုးမျိုး ရှိပါသည်။

ဤအကြိမ်တင်သွင်းကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းအခု (၅၀၀၀)ကို တရုတ်ဈေးတွင် ပထမအကြမ် ထွက်ပေါ်ပြီး ကုန်ပစ္စည်းသစ် နှင့် နည်းပညာသစ် အခု (၁၀၀)ကျော်ကိုလည်း လှည့်လည်စွာ ထုတ်ပြန်ပါသည်။ ပြပွဲ အကျယ်အဝန်းသည် စတုရန်းမီတာ (၂၇)သောင်းရှိပြီး ပြပွဲပါဝင်သည့် လုပ်ငန်းဌာနများ နိုင်ငံ၊ နေရာ၊ အဖွဲ့အစည်း (၁၇၂)ခုမှ လာပြီး ပြည်တွင်းပြည်ပ ကုန်သည်များ အယောက်(၄)သိန်းသည် ပြပွဲကို ပါဝင်ပါသည်။

240578_500x500

အဓိက အကြောင်းအရာ ပြနေရာ(၇)ခုတွင် ကိရိယာတပ်ဆင်းပစ္စည်း၊ မော်တော်ကား၊ ဆေးကုသပစ္စည်း၊ အစားအစာ၊ အဝတ်အထည်၊ အီလက်ထရွန် ပစ္စည်း စသည်တို့ ရှိပါသည်။ ပမာဏ အကြီးမားဆုံး ပြပွဲတစ်ခုဟု ပြပွဲကို ကြည့်ရှုလည်ပတ်သည့် လူတို့ ပြောကြားပါသည်။

ယနန် အရောင်းအဝယ်အဖွဲ့က လူတို့ (၂၅၈၈)ယောက်သည် ဤအကြိမ် တင်သွင်းကုန်စည်ပြပွဲကို ပါဝင်သည်ဟု ခန့်မှန်းပါသည်။ အရောင်းအဝယ် စားချုပ် ချုပ်ဆိုပြီး ဒေါ်လာ(၃.၁၀၃)ဘီလျံ ရရှိပါသည်။ ထိုနက်တွင် အစားအစာ နှင့် လယ်ထွက်ပစ္စည်း ဒေါ်လာ (၂.၄၉၃)ဘီလျံ ရရှိပြီး ဓာတုဗေဒ စက်မှုလုပ်ငန်း ပစ္စည်း ဒေါ်လာ (၃၂၅)သန်း ရရှိပြီး ဆေးကုသပစ္စည်း ဒေါ်လာ (၂၀၈)သန်း ရရှိပြီး ဉာဏ်ကောင်းသော နှင့် high-endကိရိယာတပ်ဆင်း ပစ္စည်း ဒေါ်လာ (၂၃.၈၇၅၈)သန်း ရရှိပြီး၊ အီလက်ထရွန် ပစ္စည်း ဒေါ်လာ (၅၂.၉၂၉၆)သန်း ရရှိပြီး မော်တော်ကား ဒေါ်လာ (၅)သိန်းရရှိပါသည်။ အဓိက သက်ဆိုင်သော နိုင်ငံသည် ဂျပန်၊ စကာင်္ပူ၊ စပိန်၊ နယ်သာလန်၊ အမေရိကန်၊ ဂျာမနီ၊ ဆွမ်ဇာလန်၊ သြစတြေးလီးယား၊ ပိုလန်၊ ကာဇက်စတန်၊ ဘရာဇီး၊ ဗယက်နမ်၊ ထိုင်း၊ ကိုးရီယား၊ ဥဇဘက်၊ ဆွီဒင် စသည့်နိုင်ငံ ဖြစ်ပါသည်။


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်