ဟွန်ဟေခရိုင်တွင် ဟားနီလူမျိုး "တရုတ်သက္ကရာဇ် ၁၀လပိုင်း လမ်းပွဲ"လှုပ်ရှားမှုကို ကျင်းပခဲ့

2018-11-12 10:09 ရောင်စုံတိမ်တံတား

240893_500x500

240913_500x500

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) ဟားနီလူမျိုး "တရုတ်သက္ကရာဇ် ၁၀လပိုင်း လမ်းပွဲ"လှုပ်ရှားမှုကို နိုဝင်ဘာလ ၉ရက်နေ့ကနေ ၁၀ရက်နေ့အထိ ဟွန်ဟေခရိုင်တွင် ကျင်းပခဲ့ပြီး ဟားနီလူမျိုး၏ " တရုတ်သက္ကရာဇ် ၁၀လပိုင်း နှစ်"ကို ထောပနာပြုခဲ့ပါသည်။

ဟားနီလူမျိုး၏ " တရုတ်သက္ကရာဇ် ၁၀လပိုင်း နှစ်"သည် ဟားနီလူမျိုး၏ ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခု ဖြစ်ပြီး နှစ်တိုင်း ရုတ်သက္ကရာဇ် ၁၀လပိုင်းတွင် ပဂါးရက် ကနေ မျောက်ရက် အထိ အိမ်တိုင်းအိမ်တိုင်း လမ်းဘေးတွင်ထမင်းစားပွဲ တည်ခင်းဧည့်ခံပြီး တန်းစီရှည်လျားပြီး လူတို့သည် ပွဲတော်၏အဝတ်ကို ဝတ်ကာ ဆုတောင်း သီချင်း ဆို၍ အကကပြီး ပွဲတော်ကို ထောပနာပြုပါသည်။

ယခုနှစ်တွင် ကျာယင်၊ ဘောင်ဟွာ၊ လေရူ မြို့နယ်(၃)ခု၌ လမ်းပွဲကို စီစဉ်သည့်အပြင် ကြွယ်ဝသော ထောပနာပြုခြင်း လှုပ်ရှားမှုကို ပါလာပြီး ဟားနီလူမျိုး လှေကားထစ်လယ်ကွက် အစားအစာပြိုင်ပွဲတွင် ခရီးသည်တို့သည် ဟားနီလူမျိုး အစားအစာကို မြည်းစားနိုင်ပြီး အနုပညာပြသမှုတွင် ထူးခြားသောနည်းလမ်းဖြင့် ဟားနီလူမျိုး ယဉ်ကျေးမှုကို ပြသကာ လက်ဖြင့် ငါးကိုဖမ်းခြင်းတွင် ဟားနီလူမျိုး၏ အစွမ်းအစ သန်မာမှုကို ခံစားနိုင်ပါသည်။

လမ်းပွဲ အပွဲ(၃၂၀)ကို စတင်သည့်အချိန်သည် လှုပ်ရှားမှု၏ အရှိန်အဟုန် မြင့်မားလာပြီး နေရာအသီးသီးက ခရီးသည်တို့သည် ဟားနီလူမျိုး၏ အစားအစာကို အားရပါးရ မြည်းစား၍ ဟားနီမိန်းကလေးတို့သည် လှပတ်သည့် အဝတ်ကို ဝတ်ပြီး ဆုတောင်းသီချင်းကို ဆိုပြီး ခရီးသည်တို့ကို ကျေးဇူးတင်ပါသည်။


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: 金玉
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်