(၁၉)ကြိမ်မြောက် ချူးဘေ ငရုတ်သီးပွဲကို ဖွင့်လှစ်

2018-11-12 10:06 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) (၁၉)ကြိမ်မြောက် ချူးဘေ ငရုတ်သီးပွဲကို နိုဝင်ဘာလ ၁၀ရက်နေ့တွင် ချူးဘေခရိုင် ကျိရှုပ်ရပ်ကွက် အားကစားကွင်း၌ ဖွင့်လှစ်ခဲ့ပြီး နေရာအသီးသီးမှ ခရီးသည် နှင့် ချူးဘေခရိုင်က အမျိုးသားအမျိုးမျိုးတို့သည် အဆိုဆိုပြီး အကက၍ အသီးထွက်များခြင်းကို ပျော်ပျော်ရွှင်ရွှင် ထောပနာပြုခဲ့ပါသည်။ ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ငရုတ်သီးကို ခူးခြင်း၊ ငရုတ်သီးမှုန့်ကို ထောင်းခြင်း နှင့် အနုပညာပြသမှု စသည့် လှုပ်ရှားမှုများကို ကျင်းပခဲ့ပါသည်။

လောလောဆယ်တွင် ချူးဘေခရိုင်သည် ငရုတ်သီးလုပ်ငန်းသည် စိုက်ပျိုးရေးဖွဲ့စည်းပုံ ထိန်းညှိခြင်း နှင့် ထူးခြားသည့် စိုက်ပျိုးရေးကို တိုးတက်မှု၏ အဓိက မဟာဗျူဟာ ဖြစ်လာပြီး ချူးဘေခရိုင်က ငရုတ်သီး ထွက်ကုန်အရေအတွက် နှင့် အရည်အချင်းကို ဖြည့်စုံစွာ တိုးမြှင့်၍ စိုက်ပျိုးလယ်သမားတို့သည် ၀င်ငွေတိုးကာ ချမ်းသာလာပါသည်။

ယခုနှစ်တွင် ချူးဘေခရိုင်တွင် ငရုတ်သီးကို စိုက်ပျိုးရေး အကျယ်အဝန်း စတုရန်းမီတာ (၅၃.၁)သောင်း ရှိပြီး တရုတ်တစ်နိုင်ငံလုံး နေရာအသီးသီးသို့ ရောင်းချကာ တစ်ချို့ငရုတ်သီးကို အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ကိုးရီယား၊ စင်္ကာပူ၊ မလေးရှား၊ မက္ကဆီကို စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချပါသည်။


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်