ကျောင်းယေဥယျာဉ်တွင် ထပ်တတစ်ရာပန်းများသည် ပွင့်ဖူးနေ

2018-11-08 14:43 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်းမြို့ ကျောင်းယေဥယျာဉ် စတုတ္ထအကြိမ်မြောက် ထပ်တတစ်ရာပန်းပြပွဲကို နိုဝင်ဘာလ ၁၀ရက်နေ့မှ ဒီဇင်ဘာလ ၉ရက်နေ့အထိ ကျင်းပမည်၊ အခုတလော၊ မုန်ညင်းစိမ်းပန်း၏ ထွန်းလင်းတောက်ပ ရွှန်းလဲတင့်ဆန်းမှု၊ နှင်းဆီပန်း၏ ချိုမြက်မှုကို စုဝေးသည့် ထပ်တတစ်ရာပန်းများသည် စတင်ပွင့်ဖူး၍ မြို့လူတွေသည် ကြိုတင် ရှုစား လာနိုင်ပါသည်။

ထပ်တတစ်ရာပန်းသည် ဂန္ဓမာပန်းမျိုး ဖြစ်၍ အရွက်များကို တစ်နှစ်လုံး ကြည့်ရှုနိုင်ပြီး ပန်ဒးများကို ဆောင်းရာသီ ကြည့်ရှုနိုင်၍ ပန်းသည် တစ်လကြာ အဆက်မပြတ် ပွင့်ဖူး လျက်ရှိသည်။ ဤပန်းသည်လည်း အသုံးဝင်ခြင်း များလှသော ပန်းမွှေးတစ်မျိုး ဖြစ်၍ ဖျော်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဆေးဘက်ဝင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်။ ကျောင်းယေဥယျာဉ်တွင် ထပ်တတစ်ရာပန်း အပင်(၆)သောင်းကို နှစ်ကြိမ်ခွဲခြား စိုက်ပျိုး၍ ပွင့်ဖူးချိန်သည် မတူသောကြောင့် ကြည့်ရှုချိန်သည် ပိုမိုရှည်လျား လာစေသည်။ ခရီးသည်များသည် ဥယျာဉ်ထဲသို့ ပန်းရှုစားရုံသာမက ဓာတ်ပုံရိုက်ရန် ကောင်းလှပါသည်။

ဤနှစ် ကျောင်းယေဥယျာဉ်သည် ထပ်တတစ်ရာပန်းပြပွဲကို စတုတ္ထအကြိမ် ကျင်းပခြင်း ဖြစ်ပါသည်၊ ဥယျာဉ်သည် တရားဝင် အခမဲ့ ဖွင့်လှစ်ခြင်းနှင့်အမျှ ဤနှစ်တွင် ပိုများသော လှုပ်ရှားမှုများ ရှိ၍ ခရီးသည်များသည် ပန်းရှုစားလာရန် ဆွဲဆောင်မည်။ ထို့ပြင်၊ အခုဥယျာဉ်ထဲမှ သကြားရည်ပင်သည်လည်း အကောင်းဆုံးသော ရှုစားသည့် အချိန်ကာလကို ကြိုဆိုပါသည်။ လူတွေသည် ဤသာယာလှပသော ရှုခင်းများကို ရှုစားသွား နိုင်ပါသည်။

အယ်ဒီတာ: ပို့အီစံ တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်