"ရောင်စုံယူနန် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" ကူမင်းနိုင်ငံတကာ တင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံး

2018-10-15 09:06 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်)  "ရောင်စုံယူနန် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" ကူမင်းနိုင်ငံတကာ တင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲကို (၆)ရက်ကြာ ကျင်းပပြီးနောက် အောက်တိုဘာလ ၁၃ရက်နေ့တွင် ယူနန် အန်းနင် ဝမ်းချိန်ဘန်တောင် တင်းနစ်စင်တာ ပြီးဆုံး အခမ်းအနားပွဲကို ကျင်းပခဲ့ပါသည်။ မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ ထိုင်း၊ မြန်မာ၊ လာအို၊ ကမောဒီးယား၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသသည့် နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ နှင့် တရုတ်မတ်ကောက် ကိုယ်စားလှယ်အဖွဲ့၊ ယူနန် အန်းနင် ကိုယ်စားလှယ် အဖွဲ့၊ တရုတ် တင်းနစ် ကောင်စီ ကိုယ်စားလှယ် အဖွဲ့တို့သည် ပြီးဆုံးပွဲကို ပါဝင်ပါသည်။

"ရောင်စုံယူနန် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" ကူမင်းနိုင်ငံတကာ တင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲသည် လူကြီး အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲ အဖွဲ့ပြိုင်ပွဲ၊ လူငယ်ပြိုင်ပွဲ ခွဲထားပြီး နိုင်ငံ၊ နေရာ (၁၁)ခုက ကိုယ်စားလှယ်အဖွဲ့ (၁၃)ဖွဲ့ အားကစားသမား အယောက်(၂၃၀)သည် ပြိုင်ပွဲကို ပါဝင်ခဲ့ပါသည်။ ပြိုင်ပွဲကို အောက်တိုဘာလ ၈ရက်နေ့စတင် ၁၃ရက်နေ့တွင် အဆုံးသတ်ပြိုင်ပွဲကို ကျင်းပခဲ့ကာ အမျိုးသမီး လူငယ်အဖွဲ့၊ အမျိုးသား လူငယ်အဖွဲ့၊ လူကြီး အမျိုးသား အမျိုးသမီး နှစ်ယောက်တွဲ အဖွဲ့ အဆု(၃)ဆု ရှိပါသည်။

ထို့ပြင် တရုတ် နိုင်ငံခြားများ သံရုံး၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ရုံး သံတမန်များ၊ Fortune မဂဇင်း ၅၀၀ ကုမဏီ နှင့် ထင်းရှားသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး ချစ်ကြည်ရေး ပြိုင်ပွဲကို ပါဝင်ပါသည်။ သို့ တင်းနစ် ပြိုင်ပွဲကို အနာဂတ်တွင် ဆက်လက်စွာ ကျင်းပနိုင်ပြီး တင်းနစ်ပြိုင်ပွဲ၏ ခါးပတ်ကြိုး သက်ရောက်မှုကို ထုတ်ဖော်ပြီး "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" တစ်လျှောက်တွင် နိုင်ငံ နှင့် ပြည်သူပြည်သားတို့ ချစ်ခင်သော ဆက်ဆံရေးကို တိုးမြှင့်သည် အတွက် ကူညီမှုကို ကမ်းလှမ်းပါသည်ဟု ပြိုင်ပွဲကို ပါဝင်သူ ပြောပါသည်။


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်