တရုတ်-ဂျာမနီ အနုပညာရှင့် လက်ရာအခု(၂၀၀)ကျော်ကို ကူမင်းမြို့၌ ပြသ၍ အောက်တိုဘာလ ၇ရက်နေ့အထိ အခမဲ့ကြည့်ရှုနိုင်

2018-09-20 08:37 ရောင်စုံတိမ်တံတား

167634_500x500

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ဒုတိယအကြိမ်မြောက် တရုတ်-ဂျာမနီ အနုပညာ ဖလှယ်ရေးပြပွဲကို ကူမင်း ရွန်ရှောင်စိမ် အနုပညာဇုန်၌ ကျင်းပ၍ တရုတ်-ဂျာမနီ အနုပညာရှင်များ၏ လက်ရာ အခု(၂၀၀)ကျော်ကို ရွန်ရှောင်စိမ် အနုပညာဇုန်နှင့် ယူနန်အမျိုးသားပြတိုက် တို့၌ တစ်ချိန်တည်း ပြသနေပါသည်။ ပြပွဲကို အောက်တိုဘာလ ၇ရက်နေ့အထိ ကျင်းပ၍ မြို့သူမြို့သားများသည် အခမဲ့ ကြည့်ရှုသွားနိုင်ပါသည်။

167635_500x500

ဤအကြိမ် ဖလှယ်ရေးပြပွဲကို ယူနန်အနုပညာသင်ကျောင်းသည် ဂျာမနီဘိုင်လော်ရီထ် အနုပညာအသင်း၊ ဂျာမနီအယ်လန်ကယ် အနုပညာပြတိုက် စသည့် ဂျာမနီအနုပညာအဖွဲ့ (၆)ဖွဲ့နှင့် ပူးတွဲ ဦးစီးကျင်းပပါသည်။ ဂျာမနီ အနုပညာရှင်၊ ပြပွဲဦးစီးကျင်းပသည့် ဂျာမနီ အနုပညာအဖွဲ့ တာဝန်ခံသူ၊ ကိုယ်စားလှယ်နှင့် အနုပညာသမိုင်းပညာရှင် စသည့် လူ(၂၅)ယောက်သည် ဖွဲ့စည်းသည့် အဖွဲ့သည် ဤအကြိမ် တရုတ်-ဂျာမနီ အနုပညာဖလှယ်ရေးပြပွဲ၏ ကွင်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

167636_500x500

ဤအကြိမ်ပြပွဲကို ဂျာမနီအနုပညာရှင် (၂၆)ယောက်နှင့် ယူနန်အနုပညာရှင် (၅၆)ယောက်သည် ပါဝင်ပါသည်။ ပြသသည့် လက်ရာများသည် အနုပညာအမျိုးမျိုး ပါဝင်ပါသည်။

ဤပြပွဲကို နှစ်နှစ်ကြာ တရုတ်နှင့် ဂျာမနီတို့၌ ခွဲခြားကျင်းပမည်။ ၎င်းအနက်၊ တရုတ်နိုင်ငံ၌ ကျင်းပချိန်သည် ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁ရက်နေ့မှ အောက်တိုဘာလ ၇ရက်နေ့အထိ ဖြစ်ပါသည်။ ဂျာမနီနိုင်ငံ၌ ၂၀၁၉ခုနှစ် ဇွန်လမှစ၍ ကျင်းပမည် ဖြစ်ပါသည်၊ ထိုအခါရောက်လျှင် ဂျာမနီနိုင်ငံ ဘိုင်လော်ရီထ်၊ အယ်လန်ကယ်၊ ပန်းပကယ်၊ လော်ထ်၊ အန်စ်ပါးဟက်နှင့် စဝေရင်းဖုထ် (၆)မြို့မှ ခေတ်မီအနုပညာပြတိုက်၊ မြို့ပြပန်းချီပြတိုက်နှင့် နန်းဆောင်ပန်းချီပြတိုက်များ၌ လှည့်လည်ကျင်းပမည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်