မိုင်းလွင် ဒုတိယအကြိမ် ကျွဲကောသီး ရောင်းဝယ်ရေးပြပွဲသည် ကွင်းဖွင့်၍ ကျွဲကောသီးများ လာစားပါ

2018-09-05 16:55 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မိုင်းလွင် ဒုတိယအကြိမ် ကျွဲကောသီးပွဲနှင့် အလှမယ်ရွေးပြိုင်ပွဲကို စက်တင်ဘာလ ၁ရက်နေ့မှ ၁၆ရက်နေ့အထိ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲ မိုင်းလားခရိုင် မိုင်းလွင်မြို့နယ်၌ ကျင်းပပါသည်။ ပွဲကျင်းပရာတွင် ကျွဲကောသီး ရောင်းဝယ်ရေးပြပွဲ၊ အလှမယ်ရွေးပြိုင်ပွဲ၊ မိုင်းလားခရိုင် ဆင်းရဲသူများကို ကူညီပံ့ပိုးရေး ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပြပွဲ၊ လူမျိုးအဆိုအက တင်ဆက်ပြသပွဲ၊ တိုင်လူမျိုး Gallus gallus တင်ဆက်ပြသခြင်း စသည့် လှုပ်ရှားမှုများကို ကျင်းပပါသည်။

ခရီးသည်များသည် ကျွဲကောသီး ရောင်းဝယ်ရေးပြပွဲတွင် မိုင်းလွင်မြို့နယ်ထွက် ကျွဲကောသီးအမျိုးမျိုးကို မြည်းကြည့်နိုင်အပြင် တိုင်လူမျိုး ကြက်ကင်၊ ငါးကင်၊ ဝက်အရေပြားချဉ်၊ Stauntonia chinensis စသည့် တိုင်လူမျိုး ရိုးရာ အစားအစာကိုလည်း မြည်းကြည့် နိုင်ပါသည်။ မိုင်းလား ဆင်းရဲသူများကို ကူညီပံ့ပိုးရေး ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပြပွဲတွင် ခရီးသည်များသည် ဝါးမျှစ်၊ ပျားရည်၊ ငါးချဉ်၊ သရက်သီးခြောက် စသည့် နယ်ခံထူးခြားချက်ရှိသော လယ်ယာထွက်ကုန်ပစ္စည်း များကို ဝယ်နိုင်ပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်