အာရှနဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာ ရွှေ၊ ငွေ၊ ကြေး တစ်ခုစီ ဆွတ်ခူး

2018-07-11 10:07 7DAY DAILY

(ရောင်စုံတိမ်တံတား၊ မြရွှေစင်)  တရုတ်နိုင်ငံတွင် ကျင်းပသည့် (၅)ကြိမ်မြောက် အာရှနဂါး လှေလှော်ချန်ပီယံရှစ် ပြိုင်ပွဲ၌ မြန်မာလှေလှော်အသင်းက ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တစ်ခုစီ ဆွတ်ခူးခဲ့သည်။
အဆိုပါပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ တရုတ်နိုင်ငံ တလီမြို့၌ ကျင်းပခဲ့ပြီး အိမ်ရှင်တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ မကာအို၊ ဖိလစ်ပိုင်၊ မြန်မာ၊ အိန္ဒိယ၊ စင်ကာပူနိုင်ငံတို့မှ ကစားသမား ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ သည်။

မြန်မာလှေလှော်အသင်း သည် အမျိုးသား၊ အမျိုးသမီး မီတာ ၅၀၀ နှင့် အမျိုးသား၊ အမျိုးသမီး မီတာ ၂၀၀ ပြိုင်ပွဲ အမျိုးအစားလေးမျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာလှေလှော်အသင်းသည် အမျိုးသား၊ အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ အမျိုးသား၊ အမျိုးသမီး မီတာ ၂၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ်နှင့် အမျိုးသား မီတာ ၅၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဖိလစ် ပိုင်နှင့် စင်ကာပူတို့သည် ရွှေတံ ဆိပ်နှစ်ခုစီဖြင့် နိုင်ငံအလိုက် အ ဆင့်(၁)နေရာ၌ ပူးတွဲရပ်တည်ခဲ့ပြီး တရုတ်အသင်းက ဒုတိယ၊ မြန်မာနှင့်အိန္ဒိယက တတိယနေရာ၌ ပူးတွဲရပ်တည်ခဲ့သည်။

မြန်မာနိုင်ငံ လှေလှော်အား ကစားအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲ တွင် လူငယ်ကစားသမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် လက်ရွေးစင် (ခ)အသင်းဖြင့်သာ သွား ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာလှေလှော်အသင်း သည် လာမည့် ဩဂုတ်အတွင်း အင်ဒိုနီးရှားတွင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲ အကြိုအဖြစ် ယခုပြိုင်ပွဲယှဉ်ပြိုင်ခြင်းဖြစ်သည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်