ထန်ဟွာဘုရားကျောင်း ဥယျာဉ်တွင် Agapanthus အပင်နှစ်သောင်းသည် ပွင့်ဖူး

2018-06-13 17:12 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ပဉ္စမအကြိမ်မြောက် ထန်ဟွာ Agapanthus ပြပွဲကို ဇွန်လ ၈ရက်နေ့တွင် ထန်ဟွာဘုရားကျောင်း ဥယျာဉ်၌ စတင်ကျင်းပ ခဲ့ပါသည်၊ Agapanthus အပင်နှစ်သောင်းကျော်၊ အမျုး(၄)မျိုးကို ကြည့်နိုင်ပါသည်။ အတိုင်းအတာ ရှိသော ပန်းပြပွဲကို ထန်ဟွာဘုရားကျောင်း ဥယျာဉ်၌ ကျင်းပသည့်အပြင် ကူမင်းမြို့တွင် အတိုင်းအတာကြီးစွာ စိုက်ပျိုးသော Agapanthus အနည်းငယ် ရှိပါသည်။

“ရိုမန်တစ်သော ထန်ဟွာ၊ မွှေးကြိုင်သော နွေဦးရာသီ” ခေါင်းစဉ်ဖြင့် ပဉ္စမအကြိမ်မြောက် ထန်ဟွာ Agapanthus ပြပွဲကို ဇလိုင်လ ၁၅ရက်နေ့အထိ ကျင်းပမည်။ ပန်းပြပွဲ ကျင်းပရာတွင် ထန်ဟွာ ဘုရားကျောင်းဥယျာဉ်သည် Agapanthus စတုရန်းမီတာ(၁၃၀၀)၊ အပြင်(၂)သောင်းကျော်၊ အမျိုး(၄)မျိုးကို ပြသပါသည်။ ဥယျာဉ်ထဲတွင် အကောင်းဆုံးသည့် ပန်းရှုစားရာနေရာသည် ရှေ့ဘက်ဥယျာဉ် အဓိက ပြသရေးနေရာ ဖြစ်၍ အကောင်းဆုံးသော ဓာတ်ပုံရိုက်ရာနေရာသည် အလယ်ပိုင်းဥယျာဉ် ရွမ်ကြားကူ အထိမ်းအမှတ်ဇုန် ဘေးနား၊ ချန်နန်ရွန် အထိမ်းအမှတ်ဇုန်အတွင်း၊ နောက်ဥယျာဉ် ပန်းမန်ပေါ်ပြူလာသိပ္ပံ စံပြဇုန် ပတ်လည်နား၌ တည်ရှိပါသည်။ ထို့ပြင်၊ ထန်ဟွာဘုရားကျောင်း ဥယျာဉ်သည် သရက်ထည်ပန်း၊ ချယ်ရီပန်း စသော ပန်းမန်အပင် (၈)ထောင်ကျော်ကို အချိန်တူ ပြသပါသည်။

အခုတလော၊ Agapanthus များသည် ဝေဝေဆာဆာ ပွင့်ဖူးနေ အကောင်းဆုံးသည့် ပန်းရှုစားချိန်သည် ဇွန်လကုန်ထိ ရောက်မည်။ ပဉ္စမအကြိမ်မြောက် ထန်ဟွာ Agapanthus ပြပွဲသည် ထန်ဟွာဘုရားကျောင်း ဥယျာဉ် ၂၀၁၈ခုနှစ် ဆဌမအကြိမ်မြောက် ထန်ဟွာမှ နွေရာသီ ကာနီဗယ်ပွဲတော်၏ အကြောင်းအရာ တစ်ခု ဖြစ်ပါသည်၊ Agapanthus အပြင်၊ Lycorisradiata ပြပွဲ၊ ချဉ်စော်ကားသီးပွဲကိုလည်း ကျင်းပမည်။ ဇွန်လ ၁၈ရက်နေ့သည် ကောက်ညှင်းထုပ်ပွဲ ဖြစ်ပါသည်၊ ထန်ဟွာ ဘုရားကျောင်း ဥယျာဉ်သည် ယူနန်ပြည်နယ် ရှေးဟောင်းအဝတ်အစုံ ယဉ်ကျေးမှု အသင်းနှင့် ပေါင်းစပ်၍ ရိုးရာလှုပ်ရှားမှု (၆)မျိုးကို ကျင်းပမည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်