တလီ-ရွှေလီ မီးရထားလမ်း ကျောင်းတင်စ် ကားလမ်းလိုဏ်ခေါင်းသည် လမ်းပေါက်

2018-06-11 09:21 ရောင်စုံတိမ်တံတား

55729_500x500

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ်-မြန်မာ နိုင်ငံတကာ ပေါက်ရောက်ရာလမ်း တလီ-ရွှေလီ မီးရထားလမ်း ကျောင်းတင်စ် ကားလမ်းလိုဏ်ခေါင်းသည် အဆင်ပြေ လမ်းပေါက်၍ တလီ-ရွှေလီ မီးရထားလမ်း တည်ဆောက်ရေးသည် အောင်မြင်ချက်သစ် ရရှိခြင်း လက္ခဏာကို ဆောင်နေပါသည်။

55730_500x500

ကျောင်းတင်စ် ကားလမ်းလိုဏ်ခေါင်းသည် တလီမြို့ ရွန်ဖျင်ခရိုင်အတွင်း တည်ရှိနေ၍ စုစုပေါင်း (၃.၈)ကီလိုမီတာ ရှည်၍ အဝင်ဝသည် တလီဘက်သို့ ရှီးစမ်းစ် တံတားကြီးနှင့် ဆက်စပ်ပြီး ထွက်ဝသည် ပေါင်စမ်းဘက်သို့ လန်ချာဖြစ်တံတားကြီးနှင့် ဆက်စပ်၍ ဒီဇိုင်းဆွဲထားသည့် တစ်လမ်းသွား ရထားလိုင်းသည် (၃.၅၈)ကီလိုမီတာ ရှည်ပါသည်။

55731_500x500

တလီ-ရွှေလီ မီးရထားလမ်းသည် အရှေ့ဘက် ယူနန်ပြည်နယ် တလီမြို့မှအစ၊ အနောက်သို့ ရန့်ဘီ၊ ရွန်ဖျင်၊ ပေါင်စမ်း၊ ရှီးတျိန့်၊ လုံလျင်၊ မန်စီကို ဖြတ်ကျော်ပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ ဆိပ်ကမ်း ရွှေလီမြို့သို့အထိ၊ Trans-Asian Railway အနောက်ပိုင်းလမ်း တရုတ်-မြန်မာ နိုင်ငံတကာ မီးရထား ပေါက်ရောက်ရာလမ်းထဲမှ အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်၍ စုစုပေါင်း ကီလိုမီတာ(၃၃၀) ရှည်၍ ခရီးသည်တင် မီးရထား၏ အရှိန်အဟုန်သည် တစ်နာရီ ကီလိုမီတာ(၁၄၀)ကို စီစဉ်၍ ခန့်မှန်းချက်အရ ၂၀၂၂ခုနှစ်တွင် တည်ဆောက်ပြီးမြောက်မည်၊ ထိုအခါရောက်လျှင် တလီမှ ရွှေလီသို့ အခု ကားလမ်း ခုနှစ်ရှစ်နာရီမှ သုံးနာရီသို့ ရောက်ရန် အတိုချုံ့မည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်