“ရောင်စုံယူနန်၊ နတ်ပြည်မာရသွန်” ဒသမအကြိမ်ပြိုင်ပွဲကို ကျင်းပ၊ ယိမေခရိုင်ထဲမှ တောတောင်ရေမြေ ရှုခင်းကို လည်ပတ်ကြည့်ရှု

2018-05-29 11:12 ရောင်စုံတိမ်တံတား

44925_500x500

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကျင်းဖေပေါက်နှင့် လက်ရွေးစင် အားကစားသမားများသည် မေလ ၂၈ရက်နေ့ နံနက်ထခင်း ၈နာရီတွင် ယိမေခရိုင် လုံချွမ် ယဉ်ကျေးမှုကွင်းပြင်သို့ လာရောက်၍ “ရောင်စုံယူနန်၊ နတ်ပြည်မာရသွန်” ဒသမအကြိမ်ပြိုင်ပွဲ ဖြစ်သော ယိမေပထမဦးဆုံး စင်္ကြံရှည် မာရသွန်ပြိုင်ပွဲကို စတင်ကျင်းပ ခဲ့ပါသည်။

ယိမေခရိုင် ယဉ်ကျေးမှု ခရီးသွားလားရေး အသံလွင့် ရုပ်မြင်သံကြားနှင့် အားကစား ဦးစီးဌာနသည် တာရင်း၊ ပန်းတိုင်နှင့် လမ်းခရီးတစ်လျှောက်လုံးမှ ထောက်ပံ့ရေးနေရာ (၆)ခုသို့ သွားရောက်ပြီး အားကစားသမား များကို ဝန်ဆောင်ပေးရန် စေတနာ့ဝန်ထမ်း အယောက်(၃၀)ကျော်ကို စီစဉ်ထားပါသည်။

44926_500x500

ဤအကြိမ် ခရီးလမ်းစဉ်သည် ထူးခြားချက် များပြားသည်၊ လက်ရွေးစင် အားကစားသမား များသည် ခရီးစထွက်ပြီးနောက် လုံချွမ်မြစ်ကို ဖြတ်ကျော်ပြီး ယိမေခရိုင် AAအဆင့် နိုင်ငံတော် သစ်တောဥယျာဉ်သို့ ရောက်၍ လင်ရင်လမ်းမကြီးကို ဖြတ်ကျော်ပြီး ဖျင်ထန်းဇေသို့ ရောက်ခဲ့ပါသည်။ ထို့နောက်၊ လက်ရွေးစင် အားကစားသမား များသည် တောမှိုပြတိုက်၊ နန်ထွေရေကန်ရှုခင်း၊ အာရှစင်္ကြံရှည်ရှုခင်းကို ဖြတ်ကျော် ခဲ့ပါသည်၊ ပြေးလမ်း တစ်ခုလုံးသည် ယိမေခရိုင်အတွင်း ထူးခြားချက်များပြားသော ရှုခင်းရပ်ကွက် များကို အချိတ်အဆက်ပြု ထားပါသည်။

44927_500x500

တောမှိုပြတိုက်သည် “တောမှို၏ဇာတိ” “တောမှို၏စကားထာ” “တောမှို၏အကြောင်းစုံ” “တောမှို၏လုပ်ငန်း” ပြခန်း(၄)ခုကို ပါဝင်၍ သိပံ္ပပညာဖြင့် တောမှို သယံဇာတပစ္စည်းကို ကာကွယ်စောင့်ရှောက်ပြီး အသုံးပြုသော ပေါ်ပြူလာသိပံ္ပ ပြင်ညီစင်ဖြစ်၍ တောမှို၏ ကြီးပြင်းလာခြင်း၊ သယံဇာတပစ္စည်း၊ ချက်ပြုတ်ခြင်း၊ ရောင်းချခြင်း စသည်တို့ကို ဘက်စုံ ပြသပါသည်။

44928_500x500

ယိမေစင်္ကြံရှည်သည် စုစုပေါင်း မီတာ(၃၁၆၀)ရှည်လျား၍ အာရှတိုက်အတွင်း ပထမဦးဆုံး စင်္ကြံရှည်ဖြစ်ပြီး အခု ကမ္ဘာပေါ်တွင် အရှည်ဆုံးသော စင်္ကြံရှည် ဖြစ်ပါသည်၊ စင်္ကြံရှည်၏ ထုပ်၊ နံရံ၊ ခေါင်အုပ်ပေါ်တွင် ရှေးခေတ် နာမည်ကျော်သူများ၏ ကဗျာ၊ ပျို့ကဗျာ၊ သီချင်း၊ ဘွဲ့ကြီးနှင့် ပန်းချီများကို ရှိ၍ ကြွယ်ဝသော လူမှုရေးအခြေအနေနှင့် ပိုမိုမြင့်မားသော ကြည့်ရှုတန်ဖိုး ပြည့်ဝလာပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်