ဖုမင်းတုန်းချွင်းမြို့နယ်မှ ချယ်ရီသီးများသည် ရင့်မှည့်ပြီ၊ နောက်သီတင်းပတ် မှစ၍ အကောင်းဆုံး ဆွတ်ခူးချိန်ဝင်ရောက်

2018-04-08 17:18 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ဖုမင်းတုန်းချွင်းမြို့နယ်မှ ချယ်ရီသီးများသည် ရင့်မှည့်ပြီဖြစ်ပြီး ဈေးတွင် စတင်ရောင်းချမည်၊ ခန့်မှန်းချက်အရ နောက်သီတင်းပတ် မှစ၍ အကောင်းဆုံး ဆွတ်ခူးချိန် ဝင်ရောက်မည်။

တုန်းချွင်းမြို့နယ်သည် ကူမင်းမြို့ဘေးနားတွင် ချယ်ရီသီးရင့်မှည့်ချိန် အစောဆုံးသော ဒေသတစ်ခုဖြစ်၍ ဖုမင်းခရိုင်၌ ချယ်ရီပင် စိုက်ပျိုးချိန်သည် အစောဆုံးသော ဒေသလည်း ဖြစ်ပါသည်။ တုန်းချွင်းမြို့နယ်သည် ချယ်ရီပင်ကို အမို(၁)ထောင် စိုက်ပျိုး၍ တုလန်ကျေးရွာ၌ စိုက်ပျိုးသော ချယ်ရီပင်ကို အများဆုံး ရှိပါသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် နိမ့်ခြင်း၊ အပူချိန်မြင့်ခြင်း စသည့် ထူးခြားသော ပထဝီပတ်ဝန်းကျင်ကြောင့် တုလန်ကျေးရွာမှ ချယ်ရီသီးများ၏ ရင့်မှည့်ချိန်သည် ကူမင်းမြို့အတွင်းမှ တခြားနေရာထက် တစ်ပတ်ကြာစောသည်၊ အသီးကြီးသည်၊ သစ်သီးအစေ့သေးသည်၊ အလွန်ချိုပါသည်။ အခုတလော၊ တုလန်းကျေးရွာအတွင်း ချယ်ရီပင် အမို(၈၀၀)ရှိပါသည်၊ ၎င်းအနက်၊ အမို(၄၀၀)ကျော်သည် ဆွတ်ခူးနိုင်ပါသည်။ ချယ်ရီသီးများကို ဆွတ်ခူးသောဈေးသည် တစ်ကီလိုဂရမ် အယွမ်(၄၀)လိုပြီး ခြံဝင်ငွေသည် လူတစ်ယောက် အယွမ်(၂၀) လိုပါသည်။

ချယ်ရီသီးဥယျာဉ်ခြံသို့ ဝင်ရောက်လျှင် ချယ်ရီသီးဆွတ်ခူးပြီး မြည်းကြည့် သည့်အပြင် ခရီးသည်များသည်လည်း ကြက်ဥများကို ကောက်ယူပြီး ကြက်သားများကို မြည်းကြည့် နိုင်ပါသည်။ ချယ်ရီသီးဥယျာဉ်ခြံ အပြင်ဘက်၌ ကစားစရာလည်း များပါသည်။ ခရီးသည်များသည် ထူးခြားသော နံစော်တိုဟူး၊ တင်းတင်းသကြား၊ စားတော်ပဲမုန့်များကို မြည်းကြည့်နိုင်၍ တောရိုင်းဟင်းသီးဟင်းရွက်၊ ကြက်၊ သဘာဝငန်း၊ တောငါးစသည့် ဟင်းလျာများကိုလည်း စားနိုင်ပါသည်။

တုန်းချွင်းမြို့နယ်၌ ဘူမိအပူစွမ်းအင် သယံဇာတပစ္စည်းသည် ကြွယ်ဝပေါများ၍ မြို့နယ်တွင်း အတိုင်းအတာကြီးသည့် သဘာဝရေပူစမ်း အပန်းဖြေဒေသ (၂)ခုရှိပါသည်။

ချယ်ရီသီးဆွတ်ခူးခြင်း၊ အစားအစာမြည်းကြည့်ခြင်း၊ ရေပူစမ်းစိမ်ခြင်းအပြင် ကျေးရွာဈေးသွားနေ့ ရောက်လျှင် ခရီးသည်များသည် အမျိုးအစားလည်းကောင်း ဈေးနှုန်းလည်းချိုသော ပဲပြား၊ စားတော်ပဲ၊ ဟင်းသီးဟင်းရွက်၊ ကြက်၊ ကြက်ဥ စသော သဘာဝ လယ်သမား ထွက်ကုန်ပစ္စည်းများကိုလည်း ဝယ်နိုင်ပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်