ကျင်ဟုံမြို့တွင် ၂၀၁၈ခုနှစ် “ကထန်းဖတ်”ပွဲကို ပျော်ပျော်ရွှင်ရွှင် ကျင်းပ

2018-01-09 09:35 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မြရွှေစင်) သီချင်းဆိုခြင်းနှင့် အကကခြင်းဖြင့် ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ကျင်းပပြီး ကောင်းချီး သြဘာပေးသံနှင့် ရယ်မောသံဖြင့် နှစ်သစ်ကို ကြိုဆိုပါသည်။ ကျင်ဟုံမြို့ ၂၀၁၈ခုနှစ် “ကထန်းဖတ်”ပွဲကို ဇန်နဝါရီလ (၅)ရက်နေ့တွင် ကျင်ဟာကျေးရွာ၌ ကျင်းပ ခဲ့ပါသည်။ ပွဲတော် ဝတ်ကောင်းစားလှကို ဝတ်ထားသော ဟာနီလူမျိုး ပေါက်ဖော်နှင့် အခြားလူမျိုး တို့သည် ပွဲတော်ကို အတူတူ ကျင်းပခြင်း၊ အမျိုးသား ချစ်ကြည်ရေးကို ပြောဆိုခြင်း၊ ကောင်းမွန်သော အနာဂတ်ကို မျှော်ကြည့်ခြင်းတို့ကို အတူတူ လုပ်ဆောင် ခဲ့ပါသည်။

“ကထန်းဖတ်”ပွဲသည် ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲ ဟာနီလူမျိုးတို့၏ တစ်နှစ်တစ်ကြိမ် ကျင်းပသည့် ကြီးကျယ်ခမ်းနားသော ရိုးရာပွဲတော် ဖြစ်၍ ဟာနီဘာသာစကားထဲတွင် “ကထန်းဖတ်”၏ အဓိပ္ပယ်သည် နှစ်သစ်အစ၊ အရာဝတ္ထု အားလုံးသည် ပြန်လည် နှိုးလာခြင်းကို ဖြစ်ပါသည်။ ထိုနေ့တွင် ကျင်ဟကျေးရွာ၌ ရောင်စုံအလံ အမျိုးမျိုး လွင့်ပျံပြီး အလွန် စည်ကား လှပါသည်။ ကျင်ဟုံမြို့ အမျိုးသား ယဉ်ကျေးမှု လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအသီးသီး၏ အဆိုအကအဖွဲ့တို့သည် အလှည့်ကျ တင်ဆက်ပြသ၍ အားလုံးသည် ပျော်မြူးတက်ကြွ လှပါသည်။

ထိုနေ့တွင် အမျိုးသား ရိုးရာ အားကစားပြိုင်ပွဲ၊ အမျိုးသား ရိုးရာ လက်မှုအနုပညာ ပစ္စည်း ပြပွဲနှင့် ဒေသထွက် အထူးကုန် ရောင်းဝယ်ရေးပွဲ တို့ကိုလည်း ကျင်းပ ခဲ့ပါသည်။

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.78MMK

1 ယွမ်=194.78ကျပ်