(၂၂)ကြိမ်မြောက် ကူမင်းမြို့ တရုတ်ဆီးပန်းပွဲကို ဟေးလုံထန်ဥယျာဉ်၌ ကျင်းပ

2017-12-29 17:22 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “လော့ထော်ဝမ်း၊ လုံချွန်တောင်သို့ တရုတ်ဆီးပန်းရှာဖွေ(၂၂)ကြိမ်မြောက် ကူမင်းမြို့ တရုတ်ဆီးပန်းပွဲကို ၁၂လပိုင်း ၂၇ရက်နေ့မှ ၂၀၁၈ခုနှစ် ၂လပိုင်း ၂၈ရက်နေ့အထိ ဟေးလုံထန်ဥယျာဉ်၌ ကျင်းပမည်။ “ကျက်သရေ မင်္ဂလာ အပေါင်းနှင့်လည်း ပြည့်စုံ လိုအင်ဆနလည်း ပြည့်ဝသော တရုတ်နှစ်သစ်” ခေါင်းစဉ်ဖြင့် ဤအကြိမ် တရုတ်ဆီးပန်းပွဲသည် ပြည်တွင်း အစောဆုံးသော တရုတ်ဆီးပန်းရှုစားခြင်း လှုပ်ရှားမှုကို ဖြစ်ပါသည်။ ခရီးသည် အယောက်(၁၂)သိန်းကို ဆွဲဆောင်းဟေးလုံထန်ဥယျာဉ်သို့ လည်ပတ်ကြည့်ရှုလာမည် ဟုခန့်မှန်း ခဲ့ပါသည်။

၂၀၁၈ခုနှစ် ဟေလုံထန်ဥယျာဉ်ထဲမှ တရုတ်ဆီးပန်းများသည် အကာင်းဆုံးသော ပန်းရှုစားချိန်သို့ ၁လပိုင်း ၁၀ရက်နေ့နီးပါးမှ စတင်ဝင်ရောက်၍ နှစ်သစ်ကူးပွဲတော်နေ့ အထိ ဆက်လက် ကျင်းပမည်။ အခုတလော၊ ဟေလုံထန် ဥယျာဉ်ထဲ၌ တရုတ်ဆီးပန်း ၁၅% သည် ပွင့်ဖူးပါပြီ။ တရုတ်ဆီးပန်းအပြင်၊ ပန်းအိုးစိုက် ဆောင်းဆီးပန်း အအိုး(၄၀)နှင့် မြေစိုက် ဆောင်းဆီးပန်း အပင် (၃၀၀)ကျော်သည်လည်း ဝေဝေဆာဆာ ပွင့်ဖူးနေပါသည်။

တရုတ်ဆီးပန်းပွဲ ကျင်းပရာတွင် ဟေလုံထန်ဥယျာဉ်ထဲခွေးကလေး တဝုတ်ဝုတ် ဟောင်ပြီး နှစ်သစ်ကူးပွဲတော်နေ့ကို ဂုဏ်ပြုခြင်း”“နဂါးနှစ်ကောင် တိုင်ဖက်ခြင်း”“ချမ်းသာ၊ မင်္ဂလာ၊ အသက်ရှည်ခြင်းကို ကိုယ်စားပြုသော နတ်တော် (၃)ဆူ နှစ်သစ်ကူးပွဲတော်နေ့ ဂုဏ်ပြုခြင်းစသော ဒဏ္ဍာရီထဲမှ လူပုဂ္ဂိုလ်ရုတ်တု (၆)စုကို အကြံကုန်ဉာဏ်ကုန်ပြီး ထုလုပ် ခဲ့ပါသည်၊ ခရီးသည်များသည် တရုတ်ရိုးရာယဉ်ကျေးမှုကို ခံစား နိုင်ပါသည်။ ထို့ပြင်၊ လှုပ်ရှားမှု (၁၂)မျိုးကိုလည်း ဟေလုံထန်ဥယျာဉ်၌ ကျင်းပ၍ သိမ်မွေ့နက်နဲသော အမွှေအနှစ် ပြပွဲ၊ ဓာတ်ပုံရိုက်ပြိုင်ပွဲ၊ ရှုခင်းရှုကွက် ဖော်အလှစိုက် ပန်းအိုး အနုပညာပြပွဲ၊ အစားအသောက်လမ်းနှင့် ရိုးရာဘုရားပွဲဈေးတန်း၊ ပီကင်းဇာတ်ပြပွဲ စသည်တို့ကို ပါဝင်ပါသည်။

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်