နိုင်ငံတကာ ခရီးသွား ဧည့်သည်များ လွယ်ကူစွာ လာရောက်စေရန် ဗီဇာ အသစ် ခြောက်မျိုးကို ၁၁ ရက်တွင် စတင် ခွင့်ပြု ပေး
ရန်ကုန်မြို့သို့ နိုင်ငံတကာ လေဆိပ်နှင့် သင်္ဘောဆိပ်တို့မှ ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံခြား ခရီးသွားဧည့်သည် ကိုးသိန်းနှစ်သောင်းကျော် ဝင်ရောက်ခဲ့ပြီး ၄င်းအရေအတွက်သည် ၂ဝ၁၄ ခုနှစ်ထက် ၃ဝ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေး ဝင်ကြီးဌာနသည် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ယခုထက် ပိုမို လွယ်ကူစွာ လာရောက် နိုင်စေရန် ပြည်ဝင်ခွင့် ဗီဇာ အမျိုးအစား အသစ် ခြောက်မျိုးကို ဇန်နဝါရီ ၁၁ ရက်တွင် စတင် ခွင့်ပြု ပေးခဲ့သည်။
''အရင်တုန်းက ဗီဇာ အမျိုးအစားက ခြောက်မျိုးပဲ ရှိတဲ့အတွက် ဘောင်ကျဉ်း ပါတယ်။ အဲဒါကြောင့် ရှိပြီးသား ဗီဇာ ခြောက်မျိုး ကနေ အသေးစိတ် ပြန်လည် ခွဲထုတ် လိုက်ပြီး အခု အားလုံးစုစုပေါင်း ဗီဇာ ၁၂ မျိုး ရှိပါတယ်။ အရင် ဗီဇာ အမျိုးအစား မကျယ်ပြန့် သေးခင်က စီးပွားရေး ဗီဇာထဲမှာ အလုပ်သမားရော၊ ဘောလုံးကန်ဖို့ လာတဲ့ အားကစား သမားရော၊ စီးပွား ရေး လုပ်ငန်း လုပ်ဖို့လာတဲ့ လုပ်ငန်းရှင် ရင်းနှီးမြှုပ်နှံသူတွေပါ အကုန်ပါ ပါတယ်။ အခုတော့ ဗီဇာ အမျိုးအစား အတိုင်း အတိအကျ ထုတ်ပေး နေပါပြီ'' ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး ဦးအောင်သီဟက မြန်မာတိုင်း(မ်)ကို ပြောသည်။
ရန်ကုန် လေဆိပ်မှ အများဆုံး လာရောက်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အမေရိကန်တို့ ဖြစ်ပြီး သင်္ဘောဆိပ်မှ ဗြိတိန်၊ သြစတြေီးလျ (Australia)၊ ကနေဒါနှင့် ဂျာမန် လူမျိုးများ အများဆုံး လာရောက် ကြသည်။
၂ဝ၁၄ ခုနှစ်တွင် ရန်ကုန်သို့ သင်္ဘောဆိပ်မှ နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၂,၆ဝဝ ကျော်နှင့် လေဆိပ်မှ နိုင်ငံခြား ခရီးသွား ဧည့်သည် ၈၈ဝ,ဝဝဝ ကျော်၊ စုစုပေါင်း ၈၉၃,ဝဝဝကျော် ဝင်ရောက်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် သင်္ဘောဆိပ်မှ နိုင်ငံခြား ခရီးသွား ဧည့်သည် ၁,၇ဝဝ ကျော်နှင့် လေဆိပ်မှ ၉၁ဝ,ဝဝဝ ကျော် စုစုပေါင်း ၉၂၇,ဝဝဝ ကျော် ဝင်ရောက် ခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ကမ္ဘာလှည့် ခရီးသွားဧည့်သည် ၄ ဒသမ ၆၈ သန်း ဝင်ရောက် ခဲ့ပြီး ၅၂ ရာခိုင်နှုန်း တိုးတက်သည် ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။ (By အိအိသူ)
为方便游客 缅甸于11日起签发6类新签证
昆明信息港-彩云桥 记者文丽荣 据缅甸时光报1月19日报道,为方便游客办理入缅签证,缅甸移民局于2016年1月11日起签发6类新签证。
“加上原有的6类,缅甸现共有12类签证。” 缅甸入境监管和国民登记司副处长吴昂迪哈表示说,此前,无论是工人、足球运动员,还是经商投资者,都会为其颁发商务签证;现在,通过细分签证类别之后,将会更加简单明了。
据缅甸酒店和旅游部消息介绍,2015年,缅甸全国范围内接待外国游客数量达468万人次,同比增长57%。
2014年,仰光省接待外国游客数量约为89.3万人次。其中,由港口入境的游客数量约为1.26万,通过机场入境的游客数量超88万。2015年,仰光省接待外国游客数量约为92.7万人次,同比增长30%。其中,由港口入境的游客数量约为1.7万,通过机场入境的游客数量超过91万。
据悉,由仰光机场入境的外国游客绝大部分来自泰国、中国、日本、韩国以及美国;而通过港口入境的外国游客大多是英国人、澳大利亚人、加拿大人以及日本人。