လန်စန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသရှိ နိုင်ငံ ယဉ်ကျေးမှုအနုပညာ ပြပွဲကို ကျင်ဟုန်မြို့တွင် ကျင်းပ

2015-12-28 16:50 ရောင်စုံတိမ်တံတား

ရောင်စုံတိမ်တံတားလဲ့ရွှေရည်၂၀၁၅ခုနှစ် လန်စန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသရှိ နိုင်ငံ ယဉ်ကျေးမှု အနုပညာ ပြပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင်ဟုန်မြို့ ကောက်ကျွှန်း ရှစ်ဆောင်ကျင် ကွင်းပြင်၌ ကျင်းပ ခဲ့သည်။ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ (၆)နိုင်ငံမှ အနုပညာရှင်များနှင့် စာပေပညာရှင်တို့သည် လန်စန်းမြစ် ကမ်းခြေတွင် အတူတကွ အတတ်ပညာများကို ပြသခဲ့ကြသည်။

“၂၀၁၅ခုနှစ်တွင် ချိန်ဆိုထားခြင်း ” ဟု ခေါ်သည့် အဆိုအက ဖျော်ဖြေပွဲ ကျင်းပခြင်း     နှင့်အမျှ ဤအကြိမ် ယဉ်ကျေးမှုအနုပညာ ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ မဲခေါင်မြစ် မြစ်ဝှမ်းဒေသ ယဉ်ကျေးမှုဖြင့် နောက်ခံ အကြောင်းအရာများ ထားပြီး Maritime Silk Road ဖြင့် အစအနထား၍ လန်စန်းမြစ်-မဲခေါင်မြစ် မြစ်ဝှမ်းဒေသ အမျိုးသား ယဉ်ကျေးမှုများကို ပြသခဲ့သည်။

ထိုလှုပ်ရှားမှု ကျင်းပရာတွင် ရှစ်ဆောင်ပန်နာ နိုင်ငံတကာ ထိရောက်မှုရှိ နာမည်ကျော်သော မီဒီယာ ဖိတ်ကြား ပြပွဲ၊ ရှစ်ဆောင်ပန်နာ အမျိုးသား တေးဂီတသီဆိုပွဲ၊ လန်စန်းမြစ်- မဲခေါင်မြစ် မြစ်ဝှမ်းဒေသရှိ နိုင်ငံ အနုပညာ ကုန်ပစည်း ပြပွဲ၊ ပထမအကြိမမြောက် လန်စန်းမြစ်- မဲခေါင်မြစ် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်၊ ပုံထပ်မနှိပ်တော့သော သစ်ထွင်း ပန်းချီ ပြပွဲနှင့် ရုပ်သိမ်းပွဲများကို ကျင်းပသည်။

ယူနန်ပြည်နယ် ပါတီကော်မတီ ပြန်ကြားရေးဌာနနှင့် ရှစ်ဆောင်ပန်န ပြည်နယ်ခွဲ ပါတီ ကော်မတီအစိုးရတို့သည် အဆိုပါ ယဉ်ကျေးမှုအနုပညာ ပြပွဲကို ပူတွဲ ဦးစီးကျင်းပခဲ့ကြ သည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်