လမုန့်ပွဲတော်နှင့် အမျိုးသားနေ့တွင် ရထားစီးလက်မှတ်ဖြင့် ဟုန်ဟိုသို့ ခရီးသွားလျှင် ရှုခင်းနေရာဝင်ကြေး လျှော့နိုင်

2015-09-10 17:54 ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတားလဲ့ရွှေရည်) ၂၀၁၄ ခုနှစ် မှစ ကူမင်းမီးရထာားန နှင့် ဟုန်ဟိုပြည်နယ်ခွဲ အစိုးရတို့က “ရထားစီး လက်မှတ်ဖြင့် ဟုန်ဟိုသို့ ခရီးသွားခြင်း” လှုပ်ရှားမှုကို ပူးတွဲ ကျင်းပကြကြောင်း၊ ပေကျင်းမြို့မှ ကူမင်းမြို့အထိ နှင့် ကူမင်းမြို့မှ ဟိုခုတ်ခရိုင်အထိ  “ဟုန်ဟိုဟောင်” အမျိုးသား ယဉ်ကျေးမှု မီးရထားကို စီးသည့် ခရီးသည်များက ရထားစီးလက်မှတ်ဖြင့် သတ်မှတ်ထားသော ယူနန်ပြည်နယ် ဟုန်ဟို ဟာနီလူမျိုး နှင့် ယီလူမျိုး ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ပြည်နယ်ခွဲရှိ ရှုခင်းနေရာများသို့ သွားလည်ပတ်ပါက ဦးစားပေး၍ အကျိုးထူး ရရှိစေ သည့် သတ်မှတ်ချက်ကို ခံစားနိုင်ကြောင်း၊ ဤလှုပ်ရှားမှုကို ကျင်းပသည့် အချိန် မှစ၍ ခရီးသည်များက သဘောကျကြောင်း သိရှိရပါသည်။

လမုန့်ပွဲတော်နှင့် အမျိုးသားနေ့ ရုံးပိတ်ရက် အတွင်း ခရီးသည်များက “ဟုန်ဟိုဟောင်” ရထားစီးလက်မှတ်ဖြင့် ရှုခင်းနေရာများ ဈေး အသက်သာဆုံးသော ဝင်ကြေး ရရှိ နိုင် ကြောင်း၊ ထို့အပြင်၊ နေ့တိုင်း ကူမင်းမြို့မှ ဟေခုတ်ခရိုင်အထိ သွားသည့် မီးရထားက စုစုပေါင်း ၄ ကြိမ် (အသွား နှင့် အပြန်)ရှိကြောင်း ကူမင်းမီးရထာားန၏ သတင်းများ အရ သိရပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

194.14MMK

1 ယွမ်=194.14ကျပ်