ကူမင်း Airline လေယာဉ်မှာ ယူနန်ထွက် ဒေသခံ အထူး အစားအစာ များကို ဧည့်ခံ

2015-09-01 17:02 ရောင်စုံတိမ်တံတား

昆明航空1-1

ကူမင်း Airline “တိမ်ပေါ် အရသာ” ပထမ အကြိမ် အစားအစာ မည်းစမ်းပွဲ ကျင်းပစဉ်

昆明航空2-1

ခရီးသည် များက အစားအစာများကို စားနေစဉ်

昆明航空3-1

ကူမင်း Airline လေယာဉ်မယ်က ခရီးသည်များသည် လှုပ်ရှားမှုကို ပါဝင်ရန် ဖိတ်ခေါ်စဉ်

(ရောင်စုံတိမ်တံတားမိုးဦးသဇင်) ကူမင်း Airline၊ ယူနန် Airport လေယာဉ်အစားအသောက် ကုမ္ပဏီလီမီတက်၊ ကူမင်း ချန်ရွှေ အပြည်ပြည် ဆိုင်ရာ လေဆိပ် တို့သည် “ကူမင်း Airline တိမ်ပေါ် အရသာ ပထမ အကြိမ် အစားအစာ မည်းစမ်းပွဲ” ကို သြဂုတ်လ ၃၁ ရက်နေ့တွင် ကူမင်း ချန်ရွှေ လေဆိပ်၌ ကျင်းပ ခဲ့ပါသည်။ နောက်နောင် ခရီးသည်များက ကူမင်း Airline လေယာဉ်ကို စီးလျှင် ယူနန်ထွက် အထူး အစားအစာများကို စား နိုင်ပါသည်။

“အဲဒီ အစားအစာ များကို မိုများနဲ့ အဓိက ချက်ထားတာ။ ကျွန်တော်တို့ က အဆိပ်မပါတဲ့ တောထွက် စားနပ် ရိက္ခာများကို ရွေးချယ်ပါတယ်။ ဥပမာဆိုတော့ Termite Mushroom၊ Matsutake၊ Black Truffe ရှိတယ်။ သန့်စင်ရေး နှင့် အရည်အချင်းကို အမခံတယ်။” ဟု စားဖိုမှူး မစ္စတာ ဝမ်အော်ဟွေးက မိတ်ဆက် ပေးခဲ့ပါသည်။ “ကျွန်တော်တို့ က ရာသီအလိုက် စားနပ်မျးကို ရွေးချယ်ပြီး ဒေသခံအထူး နဲ့ ပေါင်းစပ် ပါတယ်။ လေယာဉ်မှာ ကျွေးတဲ့ အစား အစာ များကို ပြုပြင်ဆောင်ရွက်ပါတယ်။ နောကမှာ ဝက်ပေါင်ခြောက် နဲ့ ကြက်သား နဲ့ Gastrodia Tuber ပေါင်း၊ Plum နဲ့ ဝက်သား ပေါင်း ကို ကျွေးမယ် စီစဉ်နေတယ်။

“အရင်က ကျွန်တော်က လိကျန်းမြို့မှာ နှင်းဆီမုန့်ကို စားဖူးပါတယ်။ ကျွန်တော် သူငယ်ချင်းက စင်ကာဖူက လာတာ။ ယူနန်ကို ပထမ တစ်ခေါက် လာတယ်။ လေယာဉ်မှာ ဒေသခံအစားအစာများကို စားနိုင်တယ်။ မဆိုးပါဘူး။” ဟု Hong Kong မှ ခရီးသည် မစ္စတာစူး က ပြောပြခဲ့ပါသည်။

စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ကူမင်း Airline က လေယာဉ်တွင် ယူနန် ဒေသခံ အထူးဆန်းဆုံး သော အစားအစာ များကို ကျွေးမွေးဧည့်ခံမည် ဖြစ်ကြောင်း၊ လေယာဉ် အစားအစာ များကို ချမ်းအေးစေပြီး လေယာဉ်မှာ လမ်းညွှန်ချက်စားအုပ် အတိုင်း အပူပေးမည် ဖြစ်ကြောင်း၊ အရသာ နှင့် အာဟာရ ကို ထိခိုက်မှု မရှိကြောင်း သိရှိရပါသည်။

ကူမင်း Airline က မိုနှင့်ထမင်းပေါင်း၊ မိုနှင့်ဝက်နံရိုးပေါင်း၊ မိုနှင့်ကြက်သားကျော်၊ မို နှင့် ပုဇွန် ကျော် စသည့် ဒေသခံ အထူး အစား အစာ များကို လေယာဉ် ပထမ အဆင့် ထိုင်ခုံ တွင် ကျွေးမွေး ဧည့်ခံမည် ဖြစ်ကြောင်း၊ မြီးရှည်၊ ရှမ်းခေါက်ဆွဲ စသည့် ထူးဆန်းသည့် စားနပ် ရိက္ခာ များဖြင့် ရိုးရိုးအဆင့် ထိုင်ခုံ တွင် အဓိက အစာ အဖြစ် ကျွေးမွေး ဧည့်ခံ ပြီး နှင်းဆီမုန့်၊ ဝက်ပေါင်ခြောက် စသည်တို့ ဒေသခံ အထူး အစာ များကို ကျွေးမွေးမည် ဖြစ်ကြောင်း သိရှိရပါသည်။

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
hackIE

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

180.02MMK

1 ယွမ်=180.02ကျပ်